Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာကို ပို့သွားမယ့်အကြောင်း ညီနောင် ၃ ဖွဲ့ကြေညာ

စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာကို ပို့သွားမယ့်အကြောင်း ညီနောင် ၃ ဖွဲ့ကြေညာ

၁၁ စက်တင်ဘာ၊ ၂၀၂၄

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်ပြစ်မှုကျူးလွန်နေတဲ့ အကြမ်း ဖက်တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ထားပြီး အိမ်နီးချင်းနိုင်ငံများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို ပေးပို့သွားမယ်လို့ ညီနောင် ၃ ဖွဲ့က စက်တင်ဘာ ၁၀ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ လှည့်ပတ်ပြီး စစ်ရှုံးနေတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ သူတို့ရဲ့ တပ်ရင်း၊ တပ်မ၊ စကခ၊ ဒကစ၊ ရမခ စတဲ့ စစ်တိုင်းဌာနချုပ်တွေ၊ ရဲတပ်ရင်း၊ လေ့ကျင့်ရေးသင်တန်းကျောင်းတွေ အပါအဝင် သူတို့ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာ အမြောက်အများကို နေ့စဉ်နီးပါး လက်လွှတ်ဆုံးရှုံးနေရတဲ့အတွက် ညီနောင် မဟာမိတ် ၃ ဖွဲ့ အပါအဝင် တခြား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေ က အပြစ်မဲ့အရပ်သား ပြည်သူလူထုတွေ ရှိတဲ့နေရာ၊ လူနေထူထပ်တဲ့ နေရာတွေနဲ့ စစ်ရှုံးပြီး စွန့်လွှတ် ခဲ့ရတဲ့ စခန်းဟောင်းတွေကို လေကြောင်းက နေ့စဉ်ရက်ဆက် နေ့၊ ည မရွေး ဗုံးကြဲ တိုက်ခိုက်နေ တယ်လို့ ဖော်ပြ ပါတယ်။

အခုလို လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံ အနှံ့အပြားက အပြစ်မဲ့ ကလေး၊ လူကြီး၊ ကိုယ်ဝန် ဆောင်များ၊ အရပ်သား၊ ရဟန်းရှင်လူ၊ ပြည်သူလူထုများ အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းတွေမှာ စစ်သုံ့ ပန်း အဖြစ်ရှိနေကြတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ ဝင်များရဲ့ မိသားစုတွေပါ နေ့တိုင်း သေဆုံး၊ ဒဏ်ရာရရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူတွေရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူ ဝမ်းနည်းရကြောင်းနဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်တို က်ခိုက်မှု လုပ်ရပ်တွေကို ညီနောင် မဟာမိတ် ၃ ဖွဲ့ အနေနဲ့ မှတ်တမ်းတင်ထားပြီး အိမ်နီးနားချင်းနိုင်ငံများ၊ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားတဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့ ကြေညာထားပါတယ်။

အကြမ်းဖက် လုပ်ရပ်မျိုးစုံကို နေ့စဉ် ပုံစံအမျိုးမျိုးနဲ့ လက်ရဲဇက်ရဲကျူးလွန်နေသော စစ်ရှုံး စစ်ကောင်စီ ခေါင်းဆောင်တွေရဲ့ အမိန့်ပေးတာဝန်ပေးခြင်းခံရတဲ့ လေသူရဲတွေအနေနဲ့ မခုလို အကြမ်းဖက် တိုက်ခိုက်မှု တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ကြဖို့ တိုက်တွန်းတယ်လို့လည်း ထည့်သွင်းရေးသားထားပါတယ်။ ပုံ

စာ – (ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်ကြေညာချက် )

Photo – ညီနောင်မဟာမိတ် ၃ ဖွဲ့ တယ်လီဂရမ်ချန်နယ်

ဆက်စပ် သတင်းများ

Most read