၇ နိုဝင်ဘာ၊၂၀၂၄
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၃၃) ဦးနှင့် အမျိုးသား (၃၀၇) ဦး စုစုပေါင်း (၅၄၀) ဦး သေဆုံး ခဲ့တာကို အမည်နဲ့တကွအတည်ပြုနိုင်ခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း AAPP ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
အဆိုပါအရေအတွက်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၀၉) ဦး ပါဝင်နေပြီး သေဆုံးသူ (၅၄၀) ဦးအနက် ရခိုင်ပြည်နယ်မှာ (၁၅၉) ဦးနဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး (၁၁၉) ဦးနဲ့ စစ်ကိုင်းတိုင်းမှာ သေဆုံး မှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထို့ပြင် ဆယ်လတာကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၂၈) ဦးနဲ့ အမျိုးသား (၂၄၇) ဦး စုစုပေါင်း (၄၇၅) ဦး သေဆုံးခဲ့သည်ကို အမည်နဲ့တကွ အတည် ပြုနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းအရေအတွက်တွင်း အသက် ၁၈ နှစ်အောက် သေဆုံးသူ (၇၅) ဦး ပါဝင်ပြီး သေဆုံးသူ (၄၇၅) ဦးအနက် သေဆုံးမှု အများဆုံးဒေသမှာ (၁၁၁) ဦးနဲ့ စစ်ကိုင်းတိုင်းမှ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ (၁၀၉) ဦးနဲ့ သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်တယ်လို့ AAPP ရဲ့ နိုဝင်ဘာလ ၆ ရက်နေ့ကထုတ်ပြန်မှုမှာဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ ၎င်းရဲ့လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ (၅၉၃၁) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP ရဲ့ စာရင်း တွေအရ သိရပါတယ်။
Photo – AAPP