Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလေးပုသိမ်ကြီးမှာ အရပ်သား ခုနစ်ဦး သေဆုံး

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလေးပုသိမ်ကြီးမှာ အရပ်သား ခုနစ်ဦး သေဆုံး

၈ ဩဂုတ်၊၂၀၂၄

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က ဖယောင်းတောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ခုနစ်ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဩဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၆ ရက်နေ့ ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားခုနစ်ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ရှုံးလာတာနဲ့အမျှ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို ဗြောင်ကျကျ ကျူးလွန်နေတယ်လို့လည်း ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့ကလည်း စဥ့်ကူးမြို့နယ်က ရွာနှစ်ရွာကို စစ်ကောင်စီက လေကြောင်းတိုက် ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းMDY-PDF က သတင်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်က နိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်အမှု အကြိမ်ရေ ၅၈၀၀ နီးပါးအထိ လုပ်ခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က ဩဂုတ်လ ၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။

Photo-MDY PDF

ဆက်စပ် သတင်းများ

Most read