Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှာ အရပ်သား ၁၃ ဦးသေဆုံး

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှာ အရပ်သား ၁၃ ဦးသေဆုံး


၅ ဩဂုတ်၊၂၀၂၄


မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို ဩဂုတ်လ ၄ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) က မနေ့က သတင်းထုတ်ပြန်ပါတယ်။
စဉ့်ကူးမြို့နယ်အတွင်း ကံတောင်ကျေးရွာနဲ့ နွယ်ရုံကျေးရွာကို ဗုံးကြဲတဲ့ဖြစ်စဉ်တွေမှာ အပြစ်မဲ့ ပြည်သူ ၁၃ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ ဒီဖြစ်စဉ်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ကောင်စီဘက် က အကြောင်းမဲ့ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာဖြစ်တယ်လို့ (MDY-PDF) ထုတ်ပြန်မှုအရ သိရပါတယ်။
စဉ့်ကူးမြို့နယ်က ကံတောင်ကျေးရွာကို နေ့လယ် ၁ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ အလားတူ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရွာကိုလည်း နေ့လယ် ၃ နာရီခွဲ ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၁၀ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တာဆို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။
မသုံးဖို့ ပိတ်ပင်ထားတဲ့ အတွဲလိုက်ပစ်ဗုံး (Cluster Bombs) တွေကို သုံးပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ် ပွားတာမရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံး ခဲ့ရတာလို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read