Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်ကျောက်မဲနဲ့ နောင်ချိုမှာ (၄)ရက်အတွင်း အရပ်သား (၁၅) ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရ

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်ကျောက်မဲနဲ့ နောင်ချိုမှာ (၄)ရက်အတွင်း အရပ်သား (၁၅) ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရ

၂၃ ဇူလိုင်၊၂၀၂၄

စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချိုမြို့တွေမှာ ဇူလိုင်လ (၁၉)ရက်နေ့မှ (၂၂)ရက်နေ့အထိ (၄)ရက်အတွင်း အရပ်သား (၁၅) ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရရှိကာ နေအိမ်(၉)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျောက်မဲမြို့ အင်ကြင်းတောင်အထက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၅)ဦးထိမှန်သေဆုံးသွားခဲ့ပြီး စာသင်ကျောင်းနဲ့ နေအိမ် (၆)လုံး ပျက်စီး သွားခဲ့ကြောင်းနဲ့ ဇူလိုင် (၂၁)ရက်နေ့မှာလည်း ကျောက်မဲမြိုရှိ နမ့်တုံရပ်နဲ့ ရပ်ကွက်(၈)တို့မှာ စစ်ကောင် စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး (၁)ဦး ဒဏ်ရာရရှိပြီး အမျိုးသား (၁)ဦးနဲ့ အမျိုးသမီး(၂) ဦးလက်နက်ကြီးစထိမှန်သေဆုံးပြီးသွားခဲ့တယ်လို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဆက်လက်ပြီး ဇူလိုင်လ (၂၀)ရက်နေ့ကလည်း ကျောက်မဲမြို ဒေသခံ (၄)ဦး ဆိုင်ကယ် (၂) စီးနဲ့ မောင်းနှင်လာစဥ် ဂိတ်စောင့်စစ်ကောင်စီတပ်မှ တားဆီးမေးမြန်းမှုမရှိဘဲ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ နေရာမှာပဲ (၄) ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းနဲ့ သေဆုံးသွားတဲ့ ဒေသခံ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို အခင်းဖြစ်ပွားရာ လမ်းဘေးမှာ စုပုံစွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြိုနယ် နမ့်ဟူးတောင်းအထက်ကျေးရွာမှာ ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံ (၂)ဦး ဒဏ် ရာအပြင်းအထန်ရရှိခဲ့သလို နောင်ချို ရွှေပြည်ညွန့်လမ်းအနီးမှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး(၂)ဦးဒဏ်ရာပြင်းထန်မှုရရှိခဲ့ပြီး ရှောက်ခြုံကျေးရွာနဲ့ ကံကြီးကျေးရွာ တွေမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး နေအိမ် (၃)လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၅ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ (၂၈)ရက်အတွင်း စစ်ကောင်စီတပ်မှ အရပ်သားတွေကို လေကြောင်းနှင့် လက်နက်ကြီးဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၀၉) ဦးသေဆုံးပြီး (၁၃၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Photo-PSLF/TNLA

ဆက်စပ် သတင်းများ

Most read