ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက် ကြီးမြို့နယ်မှာရှိတဲ့ ဟင်္သာဝဲကျေးရွာအတွင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့တာကြောင့် အသက်၂နှစ်အရွယ်ကလေးငယ် (၂)ဦးအပြင် ကျေးရွာနေဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့ ဇွန်၃၀ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။
ထိခိုက်ဒဏ်ရခဲ့တာသူတွေဟာ အဲ့ဒီကျေး ရွာအတွင်းနေထိုင်တဲ့ ဒေသခံပြည်သူတွေဖြစ်ပြီး၊ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အသက် ၂ နှစ်အရွယ်ကလေးငယ်(၂ )ဦး၊ အသက် ၁၂ နှစ်အရွယ် ကလေးငယ် (၁) ဦးနဲ့ ကျေးရွာနေဒေသခံအမျိုးသား(၁)ဦး အမျိုးသမီး(၁)ဦး စုစု ပေါင်း (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ် (၉) လုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအ စည်းအရုံး (KNU)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကို ဇွန်(၂၈) ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး၊ အရင်ရက်တွေကလည်း KNU ထိန်းချုပ်နယ်မြေအတွင်းက ကျေးရွာတွေကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေရှိနေတယ်လို့ ဆိုပါတယ်
ဓာတ်ပုံ-KNU


