Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုစာရင်း Karenni Human Rights Group ထုတ်ပြန်

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုစာရင်း Karenni Human Rights Group ထုတ်ပြန်

၁၄ ဇန်နဝါရီ၊ ၂၀၂၅

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုစာရင်းနဲ့ ထိခိုက်ပျက်စီးမှုစာရင်းတွေကို Karenni Human Rights Groupက ဇန်နဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂ ရက်က မနက် ၈ နာရီမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စကစမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ဆိုင်ကယ်တစ်စီး၊ စပါးကျီ တစ်လုံးနဲ့ လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၄ ရက် နေ့လည် (၁)နာရီမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

ဒီဇင်ဘာ ၆ ရက် နေ့လည် (၁၂)ခွဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားပြည်သူပိုင် တိရိစ္ဆာန် နွား (၅)ကောင် လက်နက်ကြီးအစထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၀ရက် ည (၇)နာရီမှာ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် လူနေအိမ်တစ်လုံးနဲ့ ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၂ ရက် ညနေ (၃)နာရီခွဲမှာ စကစမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့က ရပ်ကွက်တစ်ခု‌အပေါ်ကို လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက်(၇) နာရီမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ကျေးရွာတစ်ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် လူနေအိမ် နှစ်လုံးနဲ့ ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက် နေ့လည် (၁၂)နာရီ (၅၀)မိနစ်မှာ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စုက ကျေးရွာတစ်ရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားပြည်သူ (၃)ဦး ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိပြီး ဒီထဲက(၁)ဦးမှာ သေဆုံးခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၉ ရက် ညနေ (၃)နာရီမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ စကစ အခြေစိုက် ခမရ ၃၃၆တပ်က လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်တာကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ – Karenni Human Rights Group

ဆက်စပ် သတင်းများ

Most read