၄ မတ် ၊ ၂၀၂၅
စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံကြဖို့ ကုလသမဂ္ဂနိုင်ငံတွေအားလုံးကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) က မတ်လ ၃ ရက်က ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်မြောက် အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် FIDH က တိုက်တွန်းလိုက်ပါတယ်။
၂၀၂၀ ခုနှစ်မှာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး မြန်မာပြည်တွင်းမှာ စစ်ကောင်စီက အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဖို့ တိုက်တွန်းလိုက်တာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀၀ ကျော်ရှိနေပြီဖြစ်လို့ အာဆီယံအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်အောင် တိုးမြှင့်လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေ၊ ကလေးသူငယ်တွေ နဲ့ အမျိုးသမီးတွေအပေါ် အကြမ်ဖက်မှုတွေပြုလုပ်နေတာကို ရပ်တန့်အောင်လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။။
စစ်ကောင်စီကတော့ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်ဆောင်မယ်လို့ ကြေညာထားပြီး ရက်အတိအကျတော့ မထုတ်ပြန်သေးပါဘူး။
Photo – Myanmar military