Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းကို PDF တွေ ကြားဖြတ်တိုက်လို့ စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းသေဆုံး

စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းကို PDF တွေ ကြားဖြတ်တိုက်လို့ စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းသေဆုံး

၁ အောက်တိုဘာ၊ ၂၀၂၄

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ အင်အား တရာခန့်ပါစစ်ကြောင်းကို PDF တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဖက်စစ်တပ်က အများအပြားသေဆုံးခဲ့ပြီး စစ်သုံ့ပန်းအဖြစ်နဲ့လည်း ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲ့ဒီ စစ်ကြောင်းဟာ ကူတော်ရဲစခန်းကနေ ထွက်လာတာဖြစ်ပြီးတော့ ဘုတလင်မြို့ကို ပြန်ဝင်ဖို့အတွက် စစ်ကြောင်းထိုးလာစဉ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃၀ ရက် မနက် ၁၀ လောက်က တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်က လည်း လေကြောင်းကနေ အနည်းဆုံး ၉ ကြိမ်ခန့်အထိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က စစ်သား ၃၃ ဦးသေဆုံးခဲ့ပြီး စစ်သုံပန်း ၄၀ လောက်ကိုလည်း ဖမ်းဆီးရမိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် က ရဲဘော် ၂ ဦး ကျည်ရှပ်ထိခဲ့တာပဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ- PDF က စစ်ကောင်စီတပ်သားများကို ဖမ်းဆီးထားစဉ်

ပုံ – PDF

ဆက်စပ် သတင်းများ

Most read