Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ ထိုင်းနယ်စပ်က လက်ကျန်စစ်စခန်း၂ ခုဖြစ်တဲ့ ဝေါလေဗျူဟာကုန်းနဲ့ တီသဲလယ် စခန်းကို KNLA ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေ

စစ်ကောင်စီရဲ့ ထိုင်းနယ်စပ်က လက်ကျန်စစ်စခန်း၂ ခုဖြစ်တဲ့ ဝေါလေဗျူဟာကုန်းနဲ့ တီသဲလယ် စခန်းကို KNLA ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေ

၁၃ ဇူလိုင် ၂၀၂၅

ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာ နောက်ဆုံးကျန်ရှိနေတဲ့ ဝေါလေဗျူဟာကုန်းနဲ့ တီသဲလယ် စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တွေ ဒီကနေ့ ဇူလိုင် ၁၃ ရက်မှာ ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

လက်ရှိမှာ ဝေါလေဗျူဟာကုန်းရဲ့ ကာကင်းစခန်း ၆ ခုထဲက ၅ ခုကို သိမ်းပိုက်ထားနိုင်ပြီး ကျန်နေတဲ့ စစ်ကောင်စီကာကင်းစခန်းကသူတွေဟာ ဝေါလေဗျူဟာကုန်းကို သွားရောက်ပူးပေါင်းသွားတယ်လို့ ဆိုပါတယ်။

တစ်ပြိုင်နက်တည်းမှာဘဲ တီသဲလယ် စခန်းကို မဟာမိတ်တပ်တွေကစစ်ကူရိက္ခာလမ်းကြောင်း ဖြတ်တောက်ထားလိုက်ပြီဖြစ်တဲ့အပြင် ပိတ်ဆို့ထားလိုက်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တီသဲလယ်စခန်းကို KNLA ပူးပေါင်းတပ်တွေက လက်နက်ချဖို့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းလောက်ကတည်းက ပြောခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ဆက်လက်ခုခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်စခန်း ၂ ခုကို သိမ်းယူပြီးရင်ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် စစ်ကောင်စီ စစ်စခန်းကင်းစင်နယ်မြေဖြစ်ပြီလို့သိရပါတယ်။

မနေ့က ဇူလိုင် ၁၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို သိမ်းပိုက်အပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တွေက ဝေါလေဗျူဟာကုန်းနဲ့ တီသဲလယ်စခန်း မနားတမ်း ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး