Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း(ဘုရင့်နောင်)တိုက်ခိုက်ခံရမှု အရာရှိသုံးယောက်အပါအဝင် ၇ ဦးသေဆုံး

စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း(ဘုရင့်နောင်)တိုက်ခိုက်ခံရမှု အရာရှိသုံးယောက်အပါအဝင် ၇ ဦးသေဆုံး

၂၁ မေ ၊ ၂၀၂၅

စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း(ဘုရင့်နောင်)တိုက်ခိုက်ခံရမှုအတွင်း အရာရှိသုံးယောက် အပါအဝင် ၇ ဦးသေဆုံးခဲ့ပြီး အရာရှိလေးယောက်အပါအဝင် ၂၃ သီး ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM)က ဒီကနေ့ မှာ သတင်းထုတ်ပြန်ပါတယ်။

တန်းကျောင်းတိုက်ခိုက်ခံရမှုအတွင်း သင်တန်းသားအရာရှိ ဗိုလ်မှူး ခုနစ်ယောက် စိုးရိမ်အဆင့် ဒဏ်ရာရရှိ ခဲ့ပြီးနောက် သုံးယောက်ဟာ စစ်ဆေးရုံမှာသေဆုံးခဲ့ကြောင်းနဲ့ အလားတူ ကျောင်းအုပ်ကြီးရဲ့ လုံခြုံရေးစစ် သည်နှစ်ယောက်နဲ့ ဒုတပ်ကြပ် နှစ်ယောက်လည်း ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး သင်တန်းသားအရာရှိ ဗိုလ်မှူး လေးယောက်နဲ့ နောက်ထပ် စစ်သည်သုံးယောက်အပါအဝင် ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

BWM နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)အတွင်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ငါးလုံးနဲ့ မေလ ၁၉ ရက်၊ မနက် ၇ နာရီ မိနစ် ၂ဝ မှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ BWM က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – BWM

ဆက်စပ် သတင်းများ

Most read