Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ်မှာ သုံးလအတွင်း အရပ်သား ၂၃ ဦးသေဆုံးခဲ့

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ်မှာ သုံးလအတွင်း အရပ်သား ၂၃ ဦးသေဆုံးခဲ့

၁၄ ဇန်နဝါရီ၊ ၂၀၂၅

စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ်အတွင်းမှ သုံးလအတွင်း အနည်းဆုံး အရပ်သား ၂၃ ဦး သေဆုံးခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာရအရ သိရပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ သုံးလအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကယား (ကရင်နီ)ပြည်နယ်အတွင်း အရပ်သား အနည်းဆုံး ၂၃ ဦးသေဆုံးခဲ့တဲ့အပြင် ၅၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦးသေဆုံးခဲ့ပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးကြောင့် သေဆုံးသူ ၁၄ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၂၁ ဦး ရှိခဲ့ကြောင်းနဲ့ မြေမြှုပ်မိုင်းကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီတပ်က အရပ်သား ၂၂၆ ဦး ထက်မနည်းကိုလည်း ဖမ်းဆီးခဲ့တဲ့အပြင် စစ်ကောင်စီ တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အဆောက်အဦ ၁၂၃ လုံးထက်မနည်ထိခိုက်ပျက်စီးခဲ့တယ်လို့ KnHRG က ထုတ်ပြန်မှုအရ သိရပါတယ်။

Photo – KnHRG

ဆက်စပ် သတင်းများ

Most read