Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU အတည်ပြု၊ ဒုတပ်ရင်းမှူး ထွက်ပြေးနေ

စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU အတည်ပြု၊ ဒုတပ်ရင်းမှူး ထွက်ပြေးနေ

၁၅ မေ၊ ၂၀၂၅

ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ) မြို့နယ်၊ ကာတဲကျေးရွာအနီး က စစ်ကောင်စီ တပ် ခလရ−၂၄ နဲ့ အမြောက်တပ် အမတ−၃၁၁တို့ အခြေစိုက်တဲ့ တညာကျိုး(ခ) တာလယ် ဗျုဟာစခန်း ကို ၂၀၂၅ ခုနှစ် မေလ ၁၃ ရက် ည ၇ နာရီ က သိမ်းပိုက်လိုက်တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

တာလယ် ဗျုဟာစခန်း ကို တပ်မဟာ ၇ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့က တိုက်ခိုက်သိမ်းပိုက်ခဲံတာလို့ဆိုပါတယ်။

စခန်းသိမ်းပိုက်စဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီအမြောက်တပ် ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ပြီး ခလရ−၂၄ ဒုတပ်ရင်းမှူးက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်ဖမ်းနေတယ်လို့ လည်း ထုတ်ပြန်ပါတယ်။

တညာကျိုး(တာလယ်) စခန်းကို ၁၉၈၉ ခုနှစ်မှာ မြန်မာစစ်တပ်က စတင်တည်ဆောက်ခဲ့တာလို့ သိရပါတယ်။

ပုံစာ − တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းအား သိမ်းပိုက်ရရှိမှုမြင်ကွင်းများ။

ဓါတ်ပုံ – KNU

ဆက်စပ် သတင်းများ

Most read