Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ဥကရစ်ထစခန်းကို KNLA သိမ်းပိုက် စစ်ကာင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး

စစ်ကောင်စီရဲ့ဥကရစ်ထစခန်းကို KNLA သိမ်းပိုက် စစ်ကာင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး

၁၂ ဇူလိုင် ၂၀၂၅

စစ်ကောင်စီ ရဲ့ ဥကရစ်ထစခန်းကို ဒီကနေ့ ဇူလိုင် ၁၂ ရက် မွန်းလွဲ သုံးနာရီမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ် မတော်- KNLA က ထိုးစစ်ဆင်တိုက် ခိုက် တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် အဲ့ဒီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီး ပါးလောက်ဟာ ထိုင်းနိုင်ငံဘက်ကို ထွက် ပြေးဝင်ရောက်လာတယ်လို့ ထိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ The Reporters ကဖော် ပြထားပါတယ်။

ဥကရစ်ထစခန်းရရှိဖို့အတွက် KNLA ပူး ပေါင်းတပ်‌တွေဟာ ဒရုန်းတွေနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက်မှာမြေပြင်တပ်ဖွဲ့တွေက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက် နက်ကြီးတွေနဲ့ ပစ်ကူပေးနေပေမယ့် စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေ‌ဟာ စခန်းကို စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ခြမ်းတာ့ခ်ခရိုင် ဖုတ်ဖရမြို့ကို ထွက်ပြေးခဲ့တာဘဲဖြစ်ပါတယ်။

မြန်မာဘက်ခြမ်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကို ထိုင်းစစ်တပ်ကသိမ်းယူထားပြီး လုံခြုံရေးအရ စစ်ဆေးတာ‌တွေ ဒဏ်ရာရရှိသူတွေကို လူသားချင်းစာနာထောက် ထားမှုအနေနဲ့ ဆေးကုသပေးတာတွေပြု လုပ်ပေးခဲ့တယ်လို့ The Reporters သတင်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် မြန်မာနိုင်ငံကနေ စစ်ရှောင်လာတဲ့ ဒေသခံစစ်ရှောင် ၄၆၇ ယောက်ကိုလည်း ဖုတ်ဖရမြို့နယ်ထဲမှာရှိတဲ့ ယာယီလုံခြုံရေးဇုန်မှာ စောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။

ထိုင်းစစ်တပ်အနေနဲ့လည်း နယ်စပ်ဒေသ (မြန်မာဘက်ခြမ်း)တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ၂၄ နာရီ လုံခြုံရေးယူ ကင်းလှည့်တာတွေ၊ စောင့်ကြည့်တာတွေနဲ့ စစ်လက်နက်ယန္တာယားတပ်တွေကို တိုးမြင့်ချထားတယ်လို့ သိရပါတယ်။

ဥကရစ်ထစခန်းဟာ စစ်ကောင်စီရဲ့ ဝါဒ ဖြန့် “သက်ရှိစည်းရိုး” ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းမှာ ပါဝင်ခဲ့တဲ့ ကရင်ပြည်နယ် မြ၀တီမြို့နယ် စုကလိမြို့မှာ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချထားတဲ့ စစ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- The Reporters

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး