Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုဝင်ဘာလအတွင်း ဖာပွန်မြို့နယ်အတွင်းမှာ ပြည်သူ ၁၇ ဦးသေဆုံးခဲ့

စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုဝင်ဘာလအတွင်း ဖာပွန်မြို့နယ်အတွင်းမှာ ပြည်သူ ၁၇ ဦးသေဆုံးခဲ့

၁၄ ဒီဇင်ဘာ၊၂၀၂၄

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ အကြီးဖက်လုပ်ရပ်တွေကြောင့် နိုဝင်ဘာလအတွင်း အရပ်သားပြည်သူ (၁၇) ဦးသေဆုံးခဲ့ပြီး (၅၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ NUG တောင်ပိုင်းစစ်ဒေသက ဒီဇင်ဘာလ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်တို့ အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း (၄၂)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၄၉)ဦး သေဆုံး၊ (၈၉)ဦး ဒဏ်ရာရကာ (၆) ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်(၉)ဦး တိုင်းပြည်အတွက်မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး (၃၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်းတစီးပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကူးဆိပ်စခန်းနဲ့ မထော စခန်း တွေကို KNLA/PDF/BPLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းတိုက်ပွဲ နဲ့ အခြားတိုက်ပွဲတွေမှ လက်နက်ကြီး လက်နက်ငယ်နဲ့ ခဲယမ်းများစွာကို ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွ ယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့ လွတ် မြောက်ရေးတပ်တော်(BPLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Photo – တောင်ပိုင်းစစ်ဒေသ

ဆက်စပ် သတင်းများ

Most read