Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုကြောင့် မူဆယ် - မန္တလေးရထားလမ်းပိုင်းက အရပ်သား ၆၈ဦးသေဆုံးပြီး ၁၃၆ ဦး ဒဏ်ရာရရှိကြောင်း SHRF ထုတ်ပြန်

စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုကြောင့် မူဆယ် – မန္တလေးရထားလမ်းပိုင်းက အရပ်သား ၆၈ဦးသေဆုံးပြီး ၁၃၆ ဦး ဒဏ်ရာရရှိကြောင်း SHRF ထုတ်ပြန်

၂၀ ဒီဇင်ဘာ၊ ၂၀၂၄

စစ်ကောင်စီရဲ့ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုတွေ‌ကြောင့် နှစ်လတာအတွင်း မူဆယ် – မန္တလေးရထားလမ်းပိုင်းက အရပ်သား ၆၈ဦးသေဆုံးပြီး ၁၃၆ ဦး ဒဏ်ရာရရှိတယ်လို့ Shan Human Rights Foundation က ဒီဇင်ဘာ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အတွင်း စစ်ကောင်စီဟာ တရုတ်အစိုးရက မူဆယ်-မန္တလေး မီးရထားလမ်းဖောက်လုပ်ဖို့ စီစဉ်နေတဲ့ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၉ ခုနဲ့ မန္တလေးတိုင်းအတွင်း မိုးကုတ်မြို့နယ်တို့က အရပ်သား နှစ်ရာကျော်ကို ထိခိုက်သေဆုံးအောင် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း SHRF က ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့အထဲမှာ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စျေးဆိုင်တွေနဲ့ စက်ရုံအလုပ်ရုံတွေလည်းပါဝင်ပြီး ဒီတိုက်ခိုက်ခံရတဲ့မြို့နယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားပေမယ့် လက်ရှိမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ တရုတ်နိုင်ငံက စီမံနေတဲ့ မူဆယ်-ကျောက်ဖြူ အမြန်ရထားလမ်း မြောက်ပိုင်းတလျောက်က မြို့တွေကို အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး ဒီဒေသတွေဟာ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၆ရက်က စစ်ခေါင်းဆောင်နဲ့ တရုတ်ဝန်ကြီးချုပ် Li Qiang တွေ့ဆုံပြီး အကောင်အထည်ဖော်လုပ်ဆောင်မယ့်ဒေသတွေအဖြစ် ကြေညာထားတာလည်း ဖြစ်ပါတယ်။

မူဆယ်မြို့- မန္တလေးမြို့ကို ဆက်သွယ်မယ့်ရထားလမ်းဟာ ၄၀၉.၉၆ ကီလိုမီတာရှည်လျား ပြီး အမေရိ ကန် ဒေါ်လာ ၈.၉ ဘီလီယံကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီရထားလမ်းပိုင်းမှာ တံတား ၁၂၄စင်း၊ လှိုဏ်ခေါင်း ၆၀ခု နဲ့ ဓာတ်အားပေးစက်ရုံ ခွဲ ၁၁ရုံ ပါဝင်မယ်လို့ သိရပါတယ်။ ဒီဓာတ်အားပေးစက်ရုံခွဲတွေဟာ တရုတ်ကုမ္ပဏီအများစုက စီမံကိန်း ချပြီး ဆောက်လုပ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်၊ နမ္မတူမြစ်၊ မြစ်ငယ်မြစ် နဲ့ သံလွင်မြစ် ပေါ်က တာတမံတွေက ထုတ်တဲ့ လျှပ်စစ်စွမ်းအင်ကို အသုံးပြုကြမှာဖြစ်တယ်လို့ SHRF က ဆိုပါတယ်။

Photo – Shan Human Right Foundation

ဆက်စပ် သတင်းများ

Most read