Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့လက်သင့်ရာ စားတော်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၃ ရက်ကြာပြုလုပ်မည်

စစ်ကောင်စီရဲ့လက်သင့်ရာ စားတော်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၃ ရက်ကြာပြုလုပ်မည်

၂၄ ဇွန် ၊ ၂၀၂၅

စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ လက် နက်ကိုင်တော်လှန်ရေး အဖွဲ့များ ပါဝင်တာမျိုးမရှိဘဲ လက်သင့် ရာစားတော်ခေါ် ပုံစံမျိုး ပြုလုပ်မယ့်ငြိမ်းချမ်းရေးဆွေးနွေပွဲကို နေပြည်တော်မှာ ဇွန်၂၅ ရက်ကနေ ဇွန်၂၇ ရက် အထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားပေမယ့် ရွေးကောက်ပွဲအတွက်ရည်ရွယ်ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုသာဖြစ်ပြီး စစ်တပ်ကအသိ အမှတ်ပြုတဲ့ နိုင်ငံရေးပါတီတွေ၊ EROs နဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ တက်ရောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်ဟာ ယခုနှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းစဉ်နဲ့ မတ်လအတွင်းက (၁)ကြိမ် ၊ ယခု ဇွန်လအတွင်း (၁)ကြိမ် ပြုလုပ်ခဲ့တယ်ဆိုပေမယ့် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့သိသာတဲ့ပြောင်းလဲမှုတွေ ရရှိတာ မျိုးမရှိသေးတာ တွေ့ရပါတယ်။

“‌ပြောချင်တာပြော သူနားထောင်မယ် ပြီးရင် သူလုပ်ချင်တာလုပ်မယ့် လက်သင့်ရာစားတော်ခေါ်တဲ့ စကားဝိုင်းသာသာပါ”လို့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

အခုပြုလုပ်မယ့်ဆွေးနွေးပွဲကို စစ်ခေါင်းဆောင်တက်ရောက်မှာဖြစ်တာကြောင့် နေပြည်တော်-အမြန်လမ်း မကြီးအပြင် နေပြည်တော်ကောင်စီနယ် မြေအတွင်း လုံခြုံရေး အထပ်ထပ်တိုး မြှင့်ထားတယ်လို့သိရပါတယ်။

လတ်တ‌လော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သဟာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဘာသာရေး အဆောက်အအုံတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို နိုင်ငံရေး ထွက်ပေါက်ရဖို့ ဒီဇင်ဘာလအတွင်း နယ်မြေအကန့်အသတ်နဲ့ ရွေးကောက်ပွဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ – MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး