Homeပြည်တွင်းသတင်းစစ်ကောင်စီပိတ်ပင်ပေမယ့် မြန်မာက ထိုင်းကွန်ဒိုဒုတိယအများဆုံးဝယ်ယူသူတွေဖြစ်လာ

စစ်ကောင်စီပိတ်ပင်ပေမယ့် မြန်မာက ထိုင်းကွန်ဒိုဒုတိယအများဆုံးဝယ်ယူသူတွေဖြစ်လာ

၁၀ ဇန်နဝါရီ၊ ၂၀၂၅

၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုမှာ တရုတ်နိုင်ငံသားတွေက အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသားတွေက ဒုတိယအများဆုံး ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်မှာ ဇန်နဝါရီ ၁၀ ရက်က ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ် ပထမကိုးလမှာ မြန်မာနိုင်ငံက ဘတ် ၅.၄၆ ဘီလီယံ တန်ဖိုးရှိတဲ့ ကွန်ဒို ၁၀၅၀ လုံး ဝယ်ယူခဲ့ပြီး ၂၀၂၃ ခုနှစ် ပထမကိုးလမှာ ဘတ် ၂. ၂၅ တန်ဖိုးရှိတဲ့ ကွန်ဒို ၃၄၇ လုံးထက်မနည်း ဝယ်ယူမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက ကွန်ဒိုဝယ်ယူသူတွေကို ဘတ် ၃.၇ ဘီလီယံ တန်ဖိုးရှိတဲ့ ကွန်ဒို ၅၆၄ လုံး ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဘတ် ၂.၅၅ ဘီလီယံတန်ဖိုးရှိ ကွန်ဒို ၃၄၉ လုံး ရောင်းချခဲ့ရတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီက ဧပြီလဆန်းက စတင်ပြီး ထိုင်းကွန်ဒိုရောင်းချတဲ့ကုမ္ပဏီတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေကို ဖမ်းဆီးခဲ့သလို ထိုင်းမှာ ကွန်ဒိုဝယ်ယူမှုတွေကို ပြင်းပြင်းထန်ထန် ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ် ။ နိုင်ငံခြားငွေ လွှဲပြောင်းမှုကို ကြီးကြပ်ပြီး ငွေလဲသူတွေကိုပါ ဖမ်းဆီးတဲ့အတွက် ထိုင်းကွန်ဒို ရောင်းအား ကျဆင်းမယ်လို့ ခန့်မှန်းကျပေမယ့် ပထမ ၉ လတာမှာလည်း ဒုတိယအများဆုံးဝယ်ယူထားပါတယ်။

တရုတ်နိုင်ငံသားတွေက ၂၀၂၄ ခုနှစ် ပထမကိုးလတာမှာ ဘတ် ၂၀.၂ ဘီလီယံဖိုး ကွန်ဒို ၄,၃၈၆ လုံး ဝယ်ယူပြီး အများဆုံး ဝယ်သူသူတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အများဆုံးနေရာကတော့ ဘန်ကောက်ဖြစ်ပြီး ဒုတိယအများဆုံးကတော့ ချွန်ဘူရီဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read