Homeပြည်တွင်းသတင်းစစ်ကောင်စီနဲ့ အတိုက်အခံတွေ မလေးရှားမှာတွေ့ဆုံဆွေးနွေးဖို့ မလေးရှားဝန်ကြီးချုပ် ဖိတ်ကြားထား

စစ်ကောင်စီနဲ့ အတိုက်အခံတွေ မလေးရှားမှာတွေ့ဆုံဆွေးနွေးဖို့ မလေးရှားဝန်ကြီးချုပ် ဖိတ်ကြားထား

ဇွန်၊ ၂၀၂၅

မြန်မာပြည်တွင်း ပဋိပက္ခတွေ အဆုံးသတ်ဖို့ ကြိုးပမ်းအနေနဲ့ စစ်ကောင်စီနဲ့ အတိုက်အခံအဖွဲ့တွေကို ကွာလာလမ်ပူမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားထားတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောလိုက်ပါတယ်။

အဲဒီဖိတ်ကြားချက်တွေကို ပြီးခဲ့တဲ့လအတွင်းကတည်းက မြန်မာပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေထံ ပေးပို့ပြီးဖြစ်ပြီးတယ် လို့ သူက ရှန်ဂရီလာ ဆွေးနွေးပွဲ အမေးအဖြေ ကဏ္ဍမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲတရားမျှတစွာ ပြုလုပ်ဖို့လိုတယ်ဆိုတာနဲ့အတူ၊ “အခုအချိန်မှာ ဦးစားပေးလုပ်ငန်းကတော့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ ဖြစ်တယ်” လို့လည်း အန်ဝါက ဆက်ပြောပါတယ်။

ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် အားလုံးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံခေါင်းဆောင်တွေကိုလည်း ပြောကြားထားပါတယ်။

“ရွေးကောက်ပွဲဟာ တရားမျှတရမယ်၊ ပါတီမရွေး အားလုံးပါဝင်ခွင့်ရရမယ်ဆိုရင်၊ ကျွန်တော်တို့အနေနဲ့လည်း အဲ့ဒီလုပ်ငန်းစဉ်ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပါတယ်” လို့လည်း သူက ထပ်ပြောပါတယ်။

မြန်မာစစ်ကောင်စီကတော့ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ (၂၀၂၅) အတွင်း သို့မဟုတ် ဇန်နဝါရီလ (၂၀၂၆)ထက်နောက်မကျအောင် ပြုလုပ်မယ်လို့ ယခုနှစ် မတ်လအတွင်း ကြေညာထားပါတယ်။

ပုံစာ – ၂၀၂၅ ခုနှစ် ဧပြီလအတွင်းက မလေးရှားဝန်ကြီးချုပ်နဲ့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အွန်လိုင်းကတဆင့်ဆွေးနွေးနေစဉ်

ဆက်စပ် သတင်းများ

Most read