Homeပြည်တွင်းသတင်းစစ်ကောင်စီနဲ့အပစ်ရပ် လက်မှတ်ရေးထိုးတာဟာ တော်လှန်ရေးပန်းတိုင် မထိခိုက်ဘူးလို့ TNLA ပြော

စစ်ကောင်စီနဲ့အပစ်ရပ် လက်မှတ်ရေးထိုးတာဟာ တော်လှန်ရေးပန်းတိုင် မထိခိုက်ဘူးလို့ TNLA ပြော

ဒီဇင်ဘာ ၂၀၂၅

စစ်ကောင်စီနဲ့အပစ်ရပ် လက်မှတ်ရေး ထိုးတာဟာ သူတို့ရဲ့တော်လှန်ရေးပန်း တိုင်ကို မထိခိုက်ဘူးလို့ တအာင်းတပ် မတော်(PSLF/TNLA) ဒီကနေ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တအာင်းတပ်မတော်(PSLF/TNLA) ရဲ့ တော်လှန်ရေးပန်းတိုင်၊ မျှော်မှန်းချက်ကို ထိခိုက်စေမှာမဟုတ်ဘဲ ခရီးလမ်းဆုံးတဲ့အထိလည်း ဆက်လျှောက်လှမ်းနေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

TNLAအနေဲ့ တအာင်းတမျိုးသားလုံး အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ဖို့ ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ တအာင်းပြည်နယ်တည်ဆောက်ဖို့ ၊ အ မျိုးသားတန်းတူရေးနဲ့ အမျိုးသားကိုယ် ပိုင်ပြဌာန်းခွင့်ရရှိဖို့၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးရရှိဖို့ တော်လှန်ရေး စတင်ခဲ့တာ နှစ်ပေါင်း ၆၂ နှစ် ရှိခဲ့ပြီလို့ဆိုပါတယ်။

ဒါကြောင့် တော်လှန်ရေးအမြင့်ဆုံးပန်တိုင်ကို ၁၀၂၇စစ်ဆင်ရေးမှာ ဖော်ဆောင်နိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ TNLA ကြားတိုက်ပွဲဆက်ဖြစ်နေပြီး၊ အခုလို အပစ်ရပ် လက်မှတ်မထိုးရင် အရပ်သားပြည်သူတွေရဲ့အ သက်ဘေးကင်းလုံခြုံမှု ပေးနိုင်ဖို့မရှိတာကြောင့် လက်မှတ်ထိုးလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ အပစ်ရပ်ခဲ့ရတာဟာ ကျည်၊ ဘတ်ဂျတ်မရှိ၊ စစ်အင်အားနည်းလို့ ဖြစ်ပြီး ပွဲမပြီးသေးကြောင်းလည်း ဗိုလ်ချုပ်တားဘုန်းကျော်က လူမှုကွန်ရက်မှာရေး သားမျှဝေထားပါတယ်။

TNLAဟာ ၁၀၂၇ စစ်ဆင်ရေးမှာ မဟာ မိတ်တွေနဲ့ ပေါင်းပြီး စစ်ကောင်စီတပ်စခန်းရာချီ၊ မြို့ ၁၂မြို့ကို သိမ်းပိုက်ခဲ့တာပါ။

၂၀၂၅ မှာတော့ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကနေ ဆုတ်ခွာခဲ့ပြီး အောက်တိုဘာလကုန်မှာတော့ တရုတ်ရဲ့ ကြားဝင်မှုနဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီထံ ပြန်ပေးကာ အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့တာဘဲဖြစ်ပါတယ်။

ပုံစာ-တအာင်းတပ်မတော်(PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်အချို့

ဓာတ်ပုံ-TNLA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး