Homeပြည်တွင်းသတင်းစစ်ကောင်စီတောင်းဆိုမှုကြောင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက CI Center တွေကို ပိတ်ပြီ

စစ်ကောင်စီတောင်းဆိုမှုကြောင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက CI Center တွေကို ပိတ်ပြီ

၁ ဇူလိုင်၊၂၀၂၄

စစ်ကောင်စီအစိုးရ တောာင်းဆိုမှုကြောင့် ထိုင်းနိုင်ငံအတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထား (CI) ထုတ်ပေးတဲ့ စခန်းတွေကို လာမယ့် ဇူလိုင်လ ၇ ရက်မှာ အပြီး ပိတ်သိမ်းတော့မှာဖြစ်ကြောင်း ထိုင်းနိုင်ငံအလုပ်သမားရေး ဝန်ကြီးဌာနက ဇွန်လ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်စာ တစ်စောင် ထုတ်ခဲ့ပါတယ်။

CI ခေါ် ထိုင်းနိုင်ငံထဲသုံးမြန်မာအထောက်အထားကတ်ကို မလုပ်ရသေးတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဇူလိုင်လ ၇ရက်မတိုင်ခင်မှာ 7/11 ဆိုင်ကောင်တာတွေမှာ မှတ်ပုံတင် စာရင်းသွင်းထားပြီးသူတွေ အမြန်သွားရောက်လုပ်ကိုင်ကြဖို့ ထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအဖြစ်ရောက်ရှိနေသူ ၄သန်းကျော် ၅ သန်းအထိ ရှိနေပြီး ၂,၅သန်းထိမှာ တရားဝင်အလုပ်သမားမဟုတ်ဘူးလို့ IOM ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော် ရှိနေပြီး ဒီစာရင်းဇယားမှာ တရားမဝင်ခိုးဝင်ပြီး နေထိုင်လုပ်ကိုင်နေတဲ့ သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားဦးရေမပါဝင်သေးပါဘူး။ မြန်မာအစိုးရနဲ့ တရားဝင် MOU စာချုပ်ချုပ်ဆိုပြီး ခေါ်ယူထားတဲ့ မြန်မာလုပ်သားဦးရေ ၃၅၀၀၀၀ ဝန်းကျင် ရှိနေတယ်လို့ ထိုင်းအစိုးရက တရားဝင် ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read