Homeပြည်တွင်းသတင်းစစ်ကောင်စီတပ်ရဲ့ Mi -17 ရဟက်ယာဉ်အမြီးပိုင်းကိုပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်းနဲ့ ၄ လအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၃ ဦး ရှင်းလင်းနိုင်ခဲ့တယ်လို့ CDF...

စစ်ကောင်စီတပ်ရဲ့ Mi -17 ရဟက်ယာဉ်အမြီးပိုင်းကိုပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်းနဲ့ ၄ လအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၃ ဦး ရှင်းလင်းနိုင်ခဲ့တယ်လို့ CDF –Hakha ထုတ်ပြန်

၁၃ နိုဝင်ဘာ၊၂၀၂၄

Chinland Defense Force – Hakha (CDF – Hakha) အနေနဲ့စစ်ကောင်စီတပ်ရဲ့ Mi -17 ရဟက်ယာဉ် အမြီး ပိုင်းကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး ဇူလိုင်လ၁၂ ရက်နေ့ကနေ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ၄ လအတွင်း စစ်ကောင်စီတပ်သား ၅၃ ဦး ကိုရှင်းလင်းနိုင်ခဲ့တယ်လို့ (CDF – Hakha) က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သား ၆ ဦး အရှင်ဖမ်းမိပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကာ ၊ရဲတပ်သား ၁၃ ဦး နဲ့ စစ်သား ၄ ဦး စုစုပေါင်း ၁၇ ဦး CDF – Hakhaထံ အလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး သေနတ် ၄၃ လက် သိမ်းဆည်းရရှိပြီး အလင်းဝင် CDMer တွေထံမှ သေနတ် ၉ လက်ပါလာတဲ့ အတွက် ၆၀ မမ၊ MA 15 နဲ့ M79 အပါအဝင် လက်နက်စုစုပေါင်း ၅၂ လက် ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဟားခါးက စစ် ကောင်စီတပ် ကိုထန်တလန်ဘက်ကို စစ်ကူ မသွားနိုင်အောင် ရက်ပေါင်း ၈၂ ရက်အထိ တားဆီးပိတ်ပင် နိုင်ခဲ့ တယ်လို့လည်းဆိုပါတယ်။

Photo – CDF – Hakha

ဆက်စပ် သတင်းများ

Most read