၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီတပ် အသုံးပြုတဲ့လက်နက်ခဲယမ်းတွေဟာ လောလောလတ်လတ် ထုတ်လုပ်ထားတဲ့ ခဲယမ်းကျည်၊ ဗုံးလက် နက်တွေပါဝင်နေတာကို ပိုမိုတွေ့ရှိလာရတယ်လို့ မြန်မာ့စစ်ဖက်ရေးရာနဲ့ လုံခြုံ ရေးဆိုင်ရာလေ့လာရေးအဖွဲ့က ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီ ရှေ့တန်းတပ်စခန်းတွေကိုလေကြောင်းကနေ ချပေးတဲ့ ခဲယမ်းကျည်တွေဟာ ဇူလိုင်လရက်စွဲတွေနဲ့ ထုတ်လုပ်ထားတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းကကရင်ပြည် နယ် ကျုံဒိုးမြို့နယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ရာမှာ ကပစတပ်က ရက်ပိုင်းအတွင်း ထုတ်လုပ်ထားတဲ့ ကလပ်စတာဗုံးကို အသုံးပြုခဲ့တာကိုတွေရတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် စစ်ကောင်စီဟာ စစ်ဆင်ရေး ခဲယမ်းလက်နက် လိုအပ်ချက်အမြင့်မားဆုံးဖြစ်လာနေတဲ့အပြင် စစ်ကောင်စီတပ်ဟာ အရန်ခဲယမ်းကျည် ပြတ်တောက်လာနေတဲ့အခြေအနေကို ဆိုက် ရောက် လာနေတယ်လို့ သုံးသပ်ထားပါတယ်။
စစ်ကောင်စီ ကပစတပ်တွေရဲ့ စစ်လက်နက်ထုတ်လုပ်မှုဟာ လုပ်သားအင်အား၊ ကုန် ကြမ်း၊ လျှပ်စစ်မီး၊ နည်းပညာ နဲ့ လုပ်ငန်းခွင်လည်ပတ်နိုင်မှုတွေအပေါ် များစွာမူတည်နေပြီး ကပစတပ်ရဲ့ ထုတ်လုပ်မှုပိုင်းနဲ့ လုပ်ငန်းခွင်လည်ပတ်မှုဟာ ထိခိုက်လျော့ကျလာရင် စစ်ကောင် စီတပ် အဓိကအားပြုနေရတဲ့တိုက်စွမ်း အားကို များစွာယိုင်နဲ့သွားစေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စစ်ရေးဖိအားကို ခုခံတန်ပြန်နိုင်ဖို့ တိုက်စွမ်း အားကို အားပြုနေရတဲ့ စစ်ကောင်စီတပ်ဟာ ကပစတပ်ကနေ အဆက်မပြတ် ထုတ်လုပ်ပေးနေတဲ့ လက်နက်ကြီး၊ ခဲယမ်းကျည်အားသာချက်နဲ့ ခုခံနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒ့ါကြောင့် နိုင်ငံအနှံ့အပြားမှာကျယ်ပြန့်၊ အားကောင်းလာတဲ့တိုက်ပွဲတွေကိုအဆက်မပြတ် ရင်ဆိုင်နေရတာကြောင့် စစ်ကောင်စီတပ်ဟာ ခဲယမ်းကျည်နဲ့ ဗုံးလက်နက် လိုအပ်ချက်ကို အလျဉ်မီရရှိအသုံးပြုနိုင်ဖို့ လုံးပမ်းနေရတယ်လို့ဆိုထားပါတယ်
ဓာတ်ပုံ-မြန်မာ့စစ်ဖက်ရေးရာနဲ့ လုံခြုံ ရေးဆိုင်ရာလေ့လာရေးအဖွဲ့


