Homeပြည်တွင်းသတင်းစစ်ကောင်စီက Yoma လုပ်ငန်းစုသူဌေးကို ဖမ်းဆီးထိန်းသိမ်းထားပေမဲ့ လုပ်ငန်းခွဲ Yoma F&B က YKKO ဆိုင်ခွဲတွေ ထိုင်းနိုင်ငံမှာဖွင့်လှစ်ဖို့ ပြင်ဆင်

စစ်ကောင်စီက Yoma လုပ်ငန်းစုသူဌေးကို ဖမ်းဆီးထိန်းသိမ်းထားပေမဲ့ လုပ်ငန်းခွဲ Yoma F&B က YKKO ဆိုင်ခွဲတွေ ထိုင်းနိုင်ငံမှာဖွင့်လှစ်ဖို့ ပြင်ဆင်

၂၄ ဩဂုတ်၊ ၂၀၂၄

ရိုးမလုပ်ငန်းစုက သူဌေးဦးသိမ်းဝေကိုစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပေမဲ့ Yoma Group ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Yoma F&B က YKKO ဆိုင်ခွဲတွေကို ထိုင်းနိုင်ငံမှာ ဖွင့်လှစ်သွားမဲ့အကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။

YKKO ကြေးအိုးဆိုင်ဟာ သူ့ရဲ့ပထမဆုံးဆိုင်ခွဲကို ဘန်ကောက်က shopping mall တစ်ခုမှာ ဖွင့်လှစ် ထားတယ်လို့ သိရပြီး ၂၀၂၄ ခုနှစ်မကုန်ခင် ဒုတိယဆိုင်ခွဲကိုလည်း ဖွင့်လှစ်သွားမယ်လို့ ရိုးမလုပ်ငန်းစု ဘက်က သတင်းထွက်ပေါ်နေပါတယ်။

Yoma လုပ်ငန်းစုရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Yoma F&B ဟာ မြန်မာနိုင်ငံအတွက် KFC ကြက်ကြော် ဆိုင်တွေကို ဖွင့်လှစ်ခွင့်ရယူထားတဲ့အပြင် YKKO ရဲ့ ရှယ်ယာ ၆၅% ကို ပိုင်ဆိုင်ထားပါတယ်။ YKKO ဟာ မြန်မာနိုင်ငံမှာ ဆိုင်ခွဲပေါင်း ၃၇ ဆိုင်ဖွင့်လှစ်ထားပါတယ်။

Yoma F&B ရဲ့ ရောင်းအားဟာ ၂၀၂၄ခုနှစ် မတ်လ ဘဏ္ဍာရေးနှစ်မှာ အစားအသောက်နှင့် အဖျော်ယမ ကာ ရောင်းချမှု ၏ဟာ အကြမ်းဖျင်း အမေရိကန်ဒေါ်လာ ၃၂ သန်းက ၃၀ % တိုးလာပါတယ်။

F&B က ဝင်ငွေဟာ လုပ်ငန်းစု၀င်ငွေရဲ့ ၁၄ % ဖြစ်ပြီး အိမ်ခြံမြေ ၅၀ % နဲ့ မိုဘိုင်းငွေကြေးကြော်ငြာ ၂၄ % တို့နောက်မှာ တတိယနေရာက ရပ်တည်နေပါတယ်။

မြန်မာရိုးမလုပ်ငန်းစုနဲ့ စင်ကာပူ Yoma Holdings Group တို့ နှစ်ခုလုံးက လုပ်ငန်းစုသူဌေးဖြစ်ပြီး CEO နဲ့ Directorလည်း ဖြစ်တဲ့ Serge Pun ခေါ် ဦးသိမ်းဝေကို စစ်ကောင်စီက ဇွန်လ ၃ ရက်ထဲက နေပြည်တော်မှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

ဦးသိမ်းဝေ အဖမ်းခံရပြီးနောက်မှာ စင်ကာပူလုပ်ငန်းစုရဲ့ ရှယ်ယာဈေးကွက်မှာ ရှယ်ယာတန်ဖိုးတွေ ကျဆင်းခဲ့တာကြောင့် ဇူလိုင်လ ၂၄မှာ ဦးသိမ်းဝေက CEO နေရာနဲ့ ဒါရိုက်တာ နေရာက ဖယ်ပေးပြီး သားဖြစ်သူ Melvyn Pun က CEO အဖြစ်တာဝန်ယူပြီး Cyprus Pun က အမှုဆောင်ဒါရိုက်တာ အဖြစ် တာဝန်ယူမှာဖြစ်ကြောင်း ရိုးမလုပ်ငန်းစုက ထုတ်ပြန်ကြေညာပါတယ်။

ဩဂုတ်လလယ်မှာတော့ ဦးသိမ်းဝေကို ငွေကြေးခဝါချမှုအပြင်တခြား ငွေကြေးမသမာမှုတွေနဲ့ စစ်ကောင်စီက စွဲချက်တင်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် အွန်လိုင်းမှ လိမ်လည်တဲ့ဝင်ငွေကို စတားစီးတီးဆောက်လုပ်ရာမှာ အသုံးပြုတာတယ်လို့ စွဲချက်တွေ ထွက်ပေါ်လာပေမဲ့ ဦးသိမ်းဝေဘက်ကတော့ အားလုံးကို ငြင်းဆိုထားတယ်လို့ သိရပါ တယ်။

ဆက်စပ် သတင်းများ

Most read