Homeပြည်တွင်းသတင်းစစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကာလထပ်တိုး

စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကာလထပ်တိုး

မေ၊ ၂၀၂၅

ငလျင်ဒဏ်သင့်ဒေသတွေမှာကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့အတွက် စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကာလကို ထပ်မံတိုးမြှင့်လိုက်ပါတယ်။

စစ်ကောင်စီရုံးက (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ဝ ရက်) ၂ဝ၂၅ ခုနှစ် ၊ မေ ၆ ရက် ရက်စွဲနဲ့ မေ ၆ ရက်ကနေ ၃၁ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့် လိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ မတ် ၂၈ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ အင်အားပြင်းကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့အတွက် ငလျင်ဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလုပ်ဖို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက် ကနေ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိကာလမှာလည်း စစ်ကောင်စီအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာထိခိုက်ပျက်စီးခဲ့ရတဲ့ အစိုးရရုံးဌာနတွေ ပြည်သူတွေရဲ့အိုးအိမ်နဲ့ လမ်းပန်းဆက်သွယ်မှု လုပ်ငန်းတွေ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးကာလကို ထပ်တိုးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read