Homeပြည်တွင်းသတင်းစစ်ကောင်စီက သီပေါမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ (၂)ဦးသေဆုံး၊ (၅)ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီက သီပေါမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ (၂)ဦးသေဆုံး၊ (၅)ဦး ထိခိုက်ဒဏ်ရာရ

၁၅ ဇူလိုင် ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို စစ်ကောင်စီ က မနေ့က ဇူလိုင် ၁၄ ရက် ညနေ ၅ နာရီကျော်အချိန် လေကြောင်းကနေ ထပ်မံဗုံးကြဲချတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ (၂)ဦးသေဆုံးခဲ့ကာ (၅)ဦထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLAသတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ တောင်မြို့ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၄) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ အသိပေးထားကာ သေဆုံးသူဟာ အမျိုး သား (၂)ဦးဖြစ်ပြီး ၊ အမျိုးသမီး (၁) ဦး နဲ့ အမျိုးသား (၄)ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် နေအိမ် (၅)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီတရဲ့ လေကြောင်းတိုက်ခိုက်တာဟာ ဇွန်လ (၂၉)ရက်နေ့က‌နေ ဇူလိုင် လ (၁၄)ရက်နေ့ နံနက်ပိုင်းအချိန်အထိကျောက်မဲမြို့မှာ (၆)ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာမှာ (၁)ကြိမ်၊ မိုးကုတ်မြို့မှာ (၂)ကြိမ်နဲ့ သီပေါမြို့မှာ (၂)ကြိမ် စုစုပေါင်း (၁၁)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဗုံးကျရောက် ပေါက်ကွဲတာကြောင့် ကလေးငယ်အပြင် ဒေသခံပြည်သူ(၉)ဦးသေဆုံးခဲ့ရပြီး နောက်ထပ် ကလေးငယ် (၄)ဦးနဲ့ ပြည်သူ (၄၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၆၃)အိမ်၊ စာသင် ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်းတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ အသိပေးချက်မှာဖော်ပြထားပါတယ်။

ဒါကြောင့် မိဘပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာတွေရှောင် ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်ဖို့လေ ကြောင်း ရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ- PSLF/TNLA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး