Homeပြည်တွင်းသတင်းစစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို အခြေခံပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်

စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို အခြေခံပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်

၈ နိုဝင်ဘာ၊၂၀၂၄

စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို အခုလက်ကျန် စာသင်နှစ် (သို့မဟုတ်) လာမယ့် ပညာသင်နှစ်တွေ အတွင်း အခြေခံပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ ပြင်ဆင်လာတယ်လို့ Burma Affairs & Conflict Study က နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက လာမယ့်ပညာသင်နှစ်တွေမှာ စစ်တပ်ရဲ့ စစ်မှုထမ်း ဥပဒေ ၊ ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ အာဏာရှင် ဆန့်ကျင်တဲ့ အင်အားစုတွေကို ပုံဖျက်ရေးဆွဲထားတဲ့ အကြမ်းဖက်ဥပဒေစတဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို အခြေခံပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ ပြင်ဆင်လာခြင်းဖြစ် တယ် လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရန်ကုန် ၊ မကွေး ၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းရှိ စစ်ကောင်စီ ထိန်းချုပ် ထားတဲ့ မြို့ကြီးတွေမှာ အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမတွေကို စစ်တပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပ ဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကြမ်းဖက်မှု ဥပဒေတွေနဲ့ ပတ်သက်ပြီး ရက်တိုသင်တန်းပေးခြင်းတွေ စစ်ကောင်စီက လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ သင်တန်းကျောင်းတွေရဲ့ ရည်ရွယ်ချက်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို ဆရာ၊ ဆရာမတွေ ကတဆင့် Grade (11) နဲ့ Grade (12) အတန်းအပါအဝင် အခြေခံပညာကျောင်းတွေကတဆင့် ကလေးငယ် တွေ နဲ့ ဆယ်ကျော်သက်လူငယ်တွေထံ ပျံ့နှံ့ရောက်ရှိစေဖို့ ဖြစ်တယ်လို့လည်း BACS အဖွဲ့က ဆိုထားပါတယ်။

သင်တန်းကာလအနေဖြင့် တချို့သောသင်တန်းတွေမှာ (၁၀) ရက် ကြာမြင့်မည်ဖြစ်ပြီး ၊ တချို့သင်တန်းတွေမှာ (၁၂)ရက်ကြာမြင့်မှာဖြစ်ကာ တခြားစစ်ကောင်စီထိန်းချုပ်ထားတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာလည်း မကြာမီ အလားတူသင်တန်းတွေ အကောင်အထည်ဖော်လာနိုင်ချေရှိတယ်လို့လည်း BACS အဖွဲ့က အသိပေးထား ပါတယ်။

BACS အဖွဲ့သည် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများ ၊ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံရေးပါတီတွေရဲ့ အထွေထွေလှုပ်ရှားမှုတွေနဲ့ဝါဒဖြန့်မှုတွေကို သတင်းမီဒီယာများ ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများရဲ့ ထုတ်ပြန်ချက်များ ၊ စစ်ကောင်စီရဲ့ သတင်းစာများ ၊ ဝက်ဘ်ဆိုက်များမှတဆင့် စောင့်ကြည့်လေ့ လာနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Photo – BACS

ဆက်စပ် သတင်းများ

Most read