Homeပြည်တွင်းသတင်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ IIMM ပြော

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ IIMM ပြော

၁၁ ဧပြီ၊ ၂၀၂၅

စစ်ကောင်စီက ၂ နှစ်တာကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်​သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM က ဧပြီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့ အခြားဒေသတွေမှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေး သမားတွေက ကယ်ဆယ်တာတွေ လုပ်ဆောင်နေပေမယ့် စစ်တပ်က ဗုံးကျဲခဲ့တာကြောင့် အရပ်သားတွေ သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ အထဲမှာ ပဇီကြီးရွာကိုဗုံးကျဲတိုက်ခိုက်မှုဟာ အနည်းဆုံး ပြည်သူ ၁၅၅ ဦးသေဆုံးခဲ့ပြီး လူသေဆုံးမှု အများဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

“ပြည်သူတွေဟာ ဒီလေကြောင်းတိုက်ခိုက်မှုတွေကနေ သွယ်၀ိုက်ပြီး ထိခိုက်ခံစားရတာတင်မဟုတ်ဘဲ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ ကျောင်းတွေ၊ အိမ်တွေ၊ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စခန်းတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဖျော်ဖြေပွဲတွေလိုမျိုး လူထုစုဝေးပွဲတွေကို ဗုံးကြဲခံခဲ့ရပါတယ်။”လို့ IIMM ရဲ့ အကြီးအကဲ Nicholas Koumjian ကပြောပါတယ်။

အရပ်သားတွေကို ခွဲခြားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တာဟာ စစ်ရာဇ၀တ်မှု၊ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်တွေဖြစ်ပြီး IIMM က ဒီအမှုတွေကို စုံစမ်းဖော်ထုတ်ပြီး တာဝန်ယူစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read