Homeပြည်တွင်းသတင်းစစ်ကောင်စီက တိုက်ပွဲမရှိတဲ့စဉ့်ကူးမြို့နယ်ကိုလေကြောင်းကဗုံးကြဲမှုကြောင့် ၁၃ ဦးသေဆုံး

စစ်ကောင်စီက တိုက်ပွဲမရှိတဲ့စဉ့်ကူးမြို့နယ်ကိုလေကြောင်းကဗုံးကြဲမှုကြောင့် ၁၃ ဦးသေဆုံး

၅ ဩဂုတ်၊ ၂၀၂၄

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက နွယ်ရုံနဲ့ ကံတောင်ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ် ၂ ဦးအပါအဝင်အရပ်သား ၁၃ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ MDY – PDF က သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၄ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်မှာ စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့ နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ နွယ်ရုံရွာကိုလည်း လေကြောင်းကတိုက်ခိုက်ခဲ့ပြီး ကလေးငယ် ၁ ဦးအပါအဝင် ၁၀ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

MDY PDF ဟာ စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးနဲ့ စဉ့်ကူးမြို့ကိုဇူလိုင် ၁၇ ရက်ထဲက အလုံးစုံ ထိန်းချုပ် သိမ်းပိုက်ထားနိုင်ခဲ့ကာ စစ်ကောင်စီဘက်ကလည်း စဥ့်ကူးမြို့နယ်ကို လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ PDF တွေ စဉ့်ကူးမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက်ထားတဲ့အတွက် နယ်မြေရှင်းလင်းရေး ၊ မိုင်းရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်သွားမယ်လို့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read