Homeပြည်တွင်းသတင်းစစ်ကောင်စီက စမတ်ကတ်(UID) ထုတ် ပေးတာကို ရက်အကန့်အသတ်မရှိ ရပ်နား

စစ်ကောင်စီက စမတ်ကတ်(UID) ထုတ် ပေးတာကို ရက်အကန့်အသတ်မရှိ ရပ်နား

ဇူလိုင် ၂၀၂၅

စစ်ကောင်စီ လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနက ဒီကနေ့ ဇူလိုင် ၄ ရက်ကနေစပြီး စမတ်ကတ်(UID) ထုတ်ပေးတာကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ လဝကရဲ့အသိပေးချက်မှာ e-ID စနစ်ဆိုင်ရာလုပ်ငန်းတွေ အဆင့်မြှင့်တင်ဖို့နဲ့ ဝန်ဆောင်မှုအရည်အသွေးတွေတိုးတက်ကောင်းမွန်ဖို့အတွက် Server Maintenance လုပ်ငန်းကိုဆောင်ရွက်နေတာဖြစ်တယ်လို့ဆိုထားပါတယ်။

ဒါ့ကြောင့် အဲ့ဒီလို ဆောင်ရွက်နေတဲ့ကာလအတွင်း မြို့နယ်အလိုက် ရုံးတွေမှာUID (စမတ်ကတ်)နံပါတ်ရယူတာ ၊ အွန်လိုင်းက‌နေ ကိုယ်ရေးအချက် အလက်တိုက်ဆိုင်စစ်ဆေးတာတွေကိုယာယီရပ်ဆိုင်းထားတာဖြစ်ပြီး၊ အသုံးပြုနိုင်မယ့်အချိန်ကို ထပ်မံကြေညာပေးသွားမယ်လို့ဆိုပါတယ်။

အခု ဇူလိုင်လကုန်ကနေစပြီး ပင်စင်စားအငြိမ်းစားနိုင်ငံဝင်ထမ်းတွေအနေနဲ့ UID ကတ်ပါမှသာ ပင်စင်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

“ဇွန်လပင်စင်ထုတ်တော့ ဘဏ်ကနေမှာလိုက်တာ။ UID ကတ်မှ ပင်စင်ထုတ်လို့ရမယ်တဲ့။ သွားလုပ်ရမှာပေါ့။ အသက်တွေလည်းကြီးပါပြီ၊ လဝက တစ်ခါ တခါ သွားရင် မျက်နှာကိုအချိုဆုံး ထားပြီး အောက်ကျို့ဝင်ရတာ။ အခုတော့ ပန်းခင်းစီမံချက် ၃ ဆိုပြီး လုပ်ပေးနေတော့ အမြန်ရမယ်လို့တော့ထင်ပါတယ်”ဟု ရန်ကုန်မြို့နေ ဝန်ထမ်းဟောင်း တဦးက ဆိုသည်။

စစ်ကောင်စီဟာ UID ကတ်ပြုလုပ်ရာကနေ ရရှိလာတဲ့အချက်အလက်တွေ ကိုစုစည်းပြီး လူပုဂ္ဂိုလ်စိစစ် စောင့်ကြည့်စနစ် ( Person Scrutinization and Monitoring System) နဲ့ တိုက်ဆိုင်စစ်ဆေး ဖမ်းဆီးတာတွေကိုလည်း ပြုလုပ်နေတယ်လို့သိရပါတယ်။

ဒါ့အပြင် UID ကတ်ရှိမှသာနိုင်ငံကူးလက်မှတ် ၊ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ထုတ်ပေးတာ ၊ ပြည်ပ အလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးတဲ့နည်းနဲ့ စစ်ကောင်စီက UID လုပ်ဖို့ ဖိအားပေးထိန်းချုပ်ထားပါတယ်။

ဓာတ်ပုံ- MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး