စစ်ကောင်စီဟာ ဇူလိုင် ၁၃ ရက်ညနေပိုင်းအချိန်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး(PDF )ရဲ့ ကာကင်း စခန်းတခု ကို စီးနင်းခဲ့တဲ့အတွက် စခန်းကိုလက်လွှတ်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အဲဒီ စီးနင်းမှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ကာကင်းစခန်းက ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ကနဦးသိထားရပြီး၊ လက်လွတ်ခဲ့ရတဲ့စခန်းဟာ ကြို့ပင်ကောက်မြို့အရှေ့ဘက် ပဲခူးရိုးမပေါ်ကသာယာဝတီခရိုင်အမှတ် (၃၈၀၂) တပ် ရင်း တပ်ခွဲ(၁)ရဲ့ ကာကင်းစခန်းတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်အတွက် သာယာဝတီခရိုင်အမှတ် (၃၈၀၂)တပ်ရင်းက ယနေ့အချိန်အထိ တစ်စုံတရာ အသိပေးထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်၂၆ ရက်မှာလည်း ပဲခူးရိုးမအနောက်ခြမ်းမှာတပ်စွဲထားတဲ့ ကြို့ပင်ကောက် ပီဒီအက်ဖ်စခန်းဟာသတင်းပေါက်ကြားတာကြောင့် စစ်ကောင်စီတပ်တွေရဲ့ စီးနင်းမှုကိုခံခဲ့ရပြီး စခန်းကျကာ ရဲဘော် ၁၉ ဦးလည်း ဖမ်း ဆီးခံခဲ့ရပါသေးတယ်။
ဓာတ်ပုံ-သာယာဝတီခရိုင်အမှတ် (၃၈၀၂) တပ် ရင်း တပ်ခွဲ(၂ )(ပုံအဟောင်း)


