Homeပြည်တွင်းသတင်းစစ်ကောင်စီက ကျောက်မဲမြို့ကို လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီက ကျောက်မဲမြို့ကို လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်

၁၃ ဇူလိုင် ၂၀၂၅

စစ်ကောင်စီဟာ ကျောက်မဲမြို့ကို ဒီကနေ့ ဇူလိုင် ၁၃ ရက်‌နေ့ နံနက် ၆ နာရီမှာလေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါဟာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို အဓိက ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး၊ ဇူလိုင်လအတွင်းမှာဘဲ လေကြောင်းတိုက်ခိုက်ဟာ အခုအကြိမိနဲ့ဆိုရင် ၃ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ဒီကနေ့ လေကြောင်းတိုက်ခိုက်တာဟာ စစ်ကောင်စီဘက်က ပေါင် ၅၀၀ ဗုံးတွေအသုံးပြု ကြဲချသွားတာကြောင့် မြို့‌တွင်းမှာရှိတဲ့ နေရာသုံးနေရာ ထိခိုက်ပျက်ဆီးတာတွေရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

” ပိန္နဲကုန်း ဝါဆိုကျောင်းအနီးကဇလပ်ဝါဘေးကိုတစ်လုံးကျတယ်။ နောက်ထပ်တစ်လုံးက ပိန္နဲကုန်းကြက်ခြံကိုတစ်လုံးကျတယ်။ မောင်ကောင်းမူးရွာ ကြက်ငါး ကောင်ချောင်းဆိုးပျောက်ဆေးအိမ်တစ်လုံးကျတယ်။ အ.မ.က(၁၃)ကျောင်း လည်းထိလို့ရတယ်လူထိခိုက်မှုရှိမရှိ​တော့မသိရသေး”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဇူလိုင်လအတွင်း လေ ကြောင်းတိုက်ခိုက်တာတွေဟာ ခပ်စိတ်စိတ်ဖြစ်လာပြီး၊ ဒီလိုတိုက်ခိုက်လာတာတွေကြောင့် ဒေသခံပြည်သူတွေ နေအိမ်အဆောက်အဦးတွေ ထိခိုက်ဆုံးရှုံးနေပါတယ်။

ယခု ဇူလိုင်တစ်လအတွင်းမှာဘဲ လေ ကြောင်းတိုက်ခိုက်တာကြောင့် အပြစ်မဲ့သူ၂ ဦး သေးဆုံးခဲ့ရပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး