Homeပြည်တွင်းသတင်းစစ်ကောင်စီက ကရင်ပြည်နယ်အတွင်းမှာ ၆ လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၂၃၀၃ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၃၄ ဦးသေဆုံးခဲ့

စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းမှာ ၆ လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၂၃၀၃ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၃၄ ဦးသေဆုံးခဲ့

၁၃ ဇူလိုင်၊၂၀၂၄

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ ၂၀၂၄ ခုနှစ်ရဲ့ ပထမ ၆ လတာကလအတွင်း စစ်ကောင် စီကတပ်က လူအခွင့်အရေးချိုးဖောက်မှု အမျိုးအစား (၁၀) မျိုးအား အကြိမ်ရေ (၂၃၀၃) ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၃၄ ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးအသား အစည်းအရုံး KNU ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာဆက်လက်တည်မြဲရေးနနဲ့ နယ်မြေထိန်းချုပ်နိုင်ရေးအတွက် လူ့အခွင့် အရေးချိုးဖောက်မှု အမျိုးအစား (၁၀) မျိုး ထပ်မနည်းကို ကျူးလွန်ခဲ့ပြီး ၎င်းဖြစ်စဉ်တွေကို ကရင်အမျိုး သားအစည်းအရုံး သတင်းနဲ့ပြန်ကြားရေးဗဟိုက မှတ်တမ်းတင်ထားတယ်လို့လည်း ဆိုပါတယ်။

KNU သတင်းနဲ့ပြန်ကြားရေးဗဟိုရဲ့ စာရင်းချုပ်ဇူလိုင်လ (၁၂) ရက်က ထုတ်ပြန်ထားတဲ့ စစ်ကောင်စီရဲ့ မှတ်တမ်းတင်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စာရင်းအချက်အလက်တွေအရ

ပြည်သူလူထုများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်း −၈၅၀ ကြိမ်၊ ပြည်သူလူထုများအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၂၄၉ ကြိမ်၊ ပြည်သူလူထုများအား Drone ဖြင့်ပစ်ခတ်တို က်ခိုက်ခြင်း − ၁၀၆ ကြိမ်၊ပြည်သူလူထုများအား သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း − ၁၁ ကြိမ်

ပြည်သူလူထုများ အသုံးပြုသောလမ်းတွင်မိုင်းထောင်ခြင်း − ၃၇ ကြိမ်၊ ပြည်သူလူထုများအား အကြောင်း မဲ့ဖမ်းဆီးခြင်း − ၂၂ ကြိမ်၊ ပြည်သူလူထုပိုင် ပစ္စည်ဥစ္စာများအား မီးရှို့ဖျက်ဆီးခြင်း − ၁၈ ကြိမ်၊ ပြည်သူလူ ထုများအား အတင်းအဓမ္မခိုင်းစေခြင်း − ၅ ကြိမ်၊ ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများအား အတင်းအဓမ္မ ယူဆောင်ခြင်း − ၄ ကြိမ်၊ ပြည်သူလူထုများအား အတင်းအဓမ္မရွှေ့ပြောင်းစေခြင်း − ၁ ကြိမ်တို့ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ ၆ လအတွင်း ဒေသခံပြည်သူ (၉၆) ဦး အကြောင်းမဲ့ ဖမ်းဆီးခြင်းခံခဲ့ကြောင်း၊ (၁၃၄) ဦးသက်ဖြတ်ခဲ့ပြီး ၊ (၄၃၉) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရတဲ့အပြင် ဘုရားကျောင်း (၆) ကျောင်း၊ ဘုန်းကြီးကျောင်း (၂၃) ကျောင်း၊ စာသင်ကျောင်း (၁၄) ကျောင်း၊ ဆေးပေးခန်း (၂) ခန်း၊ ဆေးရုံ (၂) လုံး၊ ပြည်သူပိုင်အဆောက်အဦး (၇၉) လုံး၊ စပါးကျီပျက်စီးမှု (၃၂) လုံး၊ စိုက်ပျိုးခြံ (၆) ခြံ၊ အိမ် (၁၀၂၄) လုံး ထက်မနည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ပေါ်တာအဖြစ် (၂) ဦး၊ လမ်းပြအဖြစ် (၄) ဦး နဲ့ ပြည်သူ လူထု (၁) ဦးမှာ အတင်း အဓမ္မခိုင်းစေခြင်းကိုခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်ပြည်သူ (၁,၂၄၄,၄၁၅) ဦးခန့်အထိ ရှိလာပြီဖြစ် ကြောင်း နဲ့ အထက်ဖော်ပြပါ စာရင်းအချက်အလက်တွေဟာ ၂၀၂၁ မှ ၂၀၂၃ အထိ ထိခိုက် ပျက်စီး မှုတွေထက် များစွာမြင့်တက်လာတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read