Homeပြည်တွင်းသတင်းစစ်ကောင်စီကို ILO ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ အတည်ပြုချက်ရထားကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ပြောဆို

စစ်ကောင်စီကို ILO ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ အတည်ပြုချက်ရထားကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ပြောဆို

၁၁ နိုဝင်ဘာ၊ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီကို ILO ရဲ့ အခြေခံဥပဒေ ပုဒ်မ ၃၃ Article 33 နဲ့ အရေးယူနိုင်တော့မယ့်အကြောင်း အတည်ပြုချက်ကို ILO က ချမှတ်လိုက်ပြီလို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ယက်မှာ ရေးသားပြောဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့ ကမ္ဘာအလုပ်သမားများအဖွဲ့ချုပ် ILO ရဲ့ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးမှာ စစ်ကောင်စီကိုအရေးယူဖို့ စာတမ်းကို နိုဝင်ဘာ ၆ ရက်က တင်ပြခဲ့ပါတယ်။ ဒီအစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်က နိုဝင်ဘာ ၈ ရက်အထိ ကျင်းပတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ အဓမ္မ အလုပ်သမားအခွင့်အရေးကျူးလွန်မှု၊ အဓမ္မလုပ်အားပေးစေခိုင်းမှု ဆိုတဲ့ကိစ္စတွေပေါ်မှာ အစဉ်တစိုက်ချိုးဖောက်နေခြင်းကို ပြုပြင်ပြောင်းလဲမှု မရှိတဲ့အတွက် ၂၀၂၅ခုနှစ် ဇွန်လမှာကျင်းပမယ့် ILO ညီလာခံမှာ စစ်ကောင်စီကို ILO ရဲ့ အခြေခံဥပဒေပုဒ်မ ၃၃ (Article 33) အရ အရေးယူဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။

ILO ပုဒ်မ ၃၃ အရ စစ်ကောင်စီကို နည်းလမ်း၂ ခုနဲ့ ပထမ နည်းလမ်းအနေနဲ့ UN ကုလသမဂ္ဂ အေဂျင်စီတွေက ထောက်ပံ့တဲ့ နည်းပညာတွေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ၊ သံတမန်ရေးတွေကိုရပ်တန့်ပြီး စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်နိုင်တယ်လို့ သိရပါတယ်။

ဒုတိယ နည်းလမ်းအနေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးကနေ ခုံရုံးတင်စစ်ဆေးပြီး ကျူးလွန်မှုအပေါ်မူတည်ကာ အရေးယူနိုင်သလို စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေလည်း ရှိလာနိုင်ပါတယ်။

အရေးယူသွားမယ့် လုပ်ငန်းစဉ် အသေးစိတ်အတည်ပြုချက်ကိုတော့ လာမယ့် ၂၀၂၅ ခုနှစ် နှစ်အလယ်မှာ ပြုလုပ်မယ့် အဖွဲ့ချုပ်ညီလာခံမှာ အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၀၀ ခုနှစ် ဦးသန်းရွှေလက်ထက် စစ်အစိုးရလက်ထက်က ILO ဥပဒေ ပုဒ်မ ၃၃ နဲ့ ပထမအကြိမ် အရေး ယူခံရဖူးပါတယ်။ ဦးသန်းရွှေလက်ထက်က စစ်အစိုးရကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အကြမ်းဖက်စစ် တပ်အဖြစ်နဲ့သာ သတ်မှတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Photo – ILO

ဆက်စပ် သတင်းများ

Most read