Homeပြည်တွင်းသတင်းစစ်ကောင်စီကို လေယာဉ်ဆီရောင်းနေတဲ့ နိုင်ငံတကာကကုမ္ပဏီတွေကို အရေးယူပိတ်ဆို့ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့တောင်းဆို

စစ်ကောင်စီကို လေယာဉ်ဆီရောင်းနေတဲ့ နိုင်ငံတကာကကုမ္ပဏီတွေကို အရေးယူပိတ်ဆို့ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့တောင်းဆို

၁၀ ဇန်နဝါရီ ၊ ၂၀၂၅

အရပ်သားပြည်သူတွေအပေါ် လေကြောင်းနဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို လေယာဉ်ဆီနဲ့ ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ တင်ပို့ရောင်းချနေတဲ့ နိုင်ငံတကာက ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ (Blood Money) ကတောင်း ဆိုလိုက်ပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံတကာမှ လေယာဉ်ဆီ ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွေမှာ မြန်မာပြည်တွင်း ကုမ္ပဏီ တွေကိုသာ ပိတ်ဆို့ခြင်းဖြစ်ပြီး ထိုပြည်တွင်း ကုမ္ပဏီတွေကို တင်ပို့ပေးနေတဲ့ အဓိကကျတဲံ့နိုင်ငံတကာ ကုမ္ပဏီတွေကို အရေးမယူသေးဘူးလို့ ဆိုပါတယ်။

နိုင်ငံတကာ အစိုးရတွေအနေနဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်း ပေးနေတဲ့ တရုတ် အလံတင်သင်္ဘော HUITONG78၊ ဗီယက်နမ် ကုမ္ပဏီ Hai Linh ၊ တရုတ် နိုင်ငံပိုင် လုပ်ငန်း CNOOC ကော်ပို ရေးရှင်း (စင်ကာပူ)၊ စင်ကာပူ အခြေစိုက် Sahara Energy International ကုမ္ပဏီ၊ နိုင်ငံတကာ ကုမ္ပဏီများနှင့် လေယာဉ်ဆီ သယ်ယူနိုင်ရန် အာမခံ ဝန်ဆောင်မှု ပေးနေတဲ့ ယူကေ (UK) ရေကြောင်း အာမခံ ကုမ္ပဏီတွေ ကိုလည်း ချက်ချင်း ပိတ်ဆို့ အရေးယူရန် လိုအပ်နေတယ်လို့ Blood Money အဖွဲ့က ထောက်ပြထားပါတယ်။

ဆက်လက်ပြီး ဥရောပ ကုမ္ပဏီ Airbus အနေဖြင့်လည်း တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီ နဲ့ အတူ စစ်ရာဇဝတ်မှု တွေမှာ ပါဝင် ပတ်သက်နေမှုတွေကို အမြန်ဆုံး အဆုံးသတ် ရပ်တန့်ပြီး လိုအပ်တဲ့အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပိတ်ဆို့အရေးယူမှုတွေ၊စောင့်ကြည့်ရေး ယန္တရားနဲ့ အရေးယူထိရောက်မှုတွေအားနည်းတာကြောင့် မြန်မာ စစ်အုပ်စုအနေနဲ့လည်း နိုင်ငံတကာမှ လေယာဉ်ဆီ၊ လေယာဉ် နဲ့ လေယာဉ်အစိတ်အပိုင်းများ၊ နည်းပညာဆို င်ရာ ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှုများကို ဆက်လက်ရရှိနေဆဲ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းမှု ကွင်းဆက်တစ်ခုလုံးမှာ ပါဝင်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေ၊ အစိုးရ တွေ အနေနဲ့ တာဝန်ယူမှုရှိစွာဖြင့် ထိုလေယာဉ်ဆီတွေကို မည်သူတွေက မည်ကဲ့သို့ အသုံးပြုမည်ဆိုတာကို ထိရောက်တဲ့ စီစစ်မှုတွေ ပြုလုပ်ပြီးမှသာ တင်သွင်းရမည်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဖိုသို့မလုပ်ဆောင်နိုင်ပါက လေယာဉ်ဆီ တင်သွင်းမှုအားလုံးကို ပိတ်ဆို့တားဆီးနိုင်ရန် အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံကို တင်သွင်းမယ့် လေယာဉ်ဆီတွေကို စောင့်ကြည့်နိုင်တဲ့ယန္တရားတခု ထူ ထောင်ပြီး ထိရောက်တဲံ စီစစ်မှုများပြုလုပ်ဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု အဖွဲ့မှ တောင်းဆို ထားပါတယ်။

Photo – MOI

ဆက်စပ် သတင်းများ

Most read