ဂျနီဗာအပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ရဲ့ ၁၁၃ ကြိမ်မြောက် အလုပ်သမားညီလာခံမှာ မြန်မာစစ်ကောင်စီကို ILO ဥပဒေ Article 33 အရ ပြင်းပြင်းထန်ထန် အရေးယူဖို့ ဇွန်လ ၅ ရက်မှာ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
လူငယ်တွေနဲ့ အလုပ်သမားတွေကို အတင်းအဓမ္မ စစ်ထဲသွပ်သွင်းတာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် စစ်ကောင်စီအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။