Homeပြည်တွင်းသတင်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆယ်လီတွေထံက ကုန်ပစ္စည်း ဝယ်ရင် အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆယ်လီတွေထံက ကုန်ပစ္စည်း ဝယ်ရင် အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

ဇွန်၊ ၂၀၂၅

NUG နဲ့ PDF တွေကို ထောက်ပံ့တယ်လို့ ခံယူထားတဲ့ အွန်လိုင်းဆယ်လီတွေထံက ဈေးဝယ်သူတွေကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာမှာ ဒီနေ့ ဇွန်လ ၃ ရက်က ဖော်ပြထားပါတယ်။

ရောင်းချသူတွေထဲမှာ ပန်ဆယ်လို အိမ့်ပိုးဥ၊ Ma lrene အိုင်ရင်း၊ သင်းသင်းနွယ်၊ ဇွန်နီလာဌေး၊ အောင်သော်၊ ဆရာမခိုင်စုလွင်၊ ထက်နီနီသန်း၊ ချမ်းမြမြသော် တို့လို လူသိများတဲ့ အကောင့်တွေပါဝင်ပြီး သူတို့ရဲ့ပစ္စည်းတွေကို ဝယ်ခြင်း၊ ပြန်လည်ရောင်းချခြင်း၊ တဆင့်ကူညီတာမျိုးလုပ်ရင်ပါ အရေးယူမယ်လို့ဆိုပါတယ်။

မန္တလေးက Treasure Hnin Online Shop က ဖြူဖြူနှင်း ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းက ဘုန်းမြင့်အောင်ကိုလည်း ဖမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

သူတို့နှစ်ဦးက အဆိုတော် ချမ်းချမ်း ရဲ့ ပြည်ပက တရားမဝင်ကုန်ပစ္စည်းတွေအတွက် ငွေကောက်၊ ရောင်း၊ ပေးနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပုံစာ – အဆိုတော် ချမ်းချမ်းနှင့် ဆက်စပ်၍ စစ်ကောင်စီက ဖမ်းဆီးထားသူ ၂ ဦး

ဓါတ်ပုံ – MOI

ဆက်စပ် သတင်းများ

Most read