Homeပြည်တွင်းသတင်းစစ်ကိုင်းမှာသေဆုံးပြီး Dead Body များမှအပုပ်နံ့များထွက်နေပြီဖြစ်တာကြောင့် အမြန်ဆုံးကူညီပေးရန် တောင်းဆို

စစ်ကိုင်းမှာသေဆုံးပြီး Dead Body များမှအပုပ်နံ့များထွက်နေပြီဖြစ်တာကြောင့် အမြန်ဆုံးကူညီပေးရန် တောင်းဆို

၃၀ မတ်၊၂၀၂၅

စစကိုင်းမြို့မှာ ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ပျက်စီးခဲ့တဲ့ အဆောက်အဦးတွေမှာသေဆုံးနေတဲ့ ရုပ်အလောင်း တွေ က အပုပ်နံ့တွေထွက်လာပြီဖြစ်တာကြောင့် ပတ်ဝန်းကျင်ရှိပြည်သူများ ရေရှည်ကျန်းမာရေးမထိခိုက်စေရန် အမြန်ဆုံးလာရောက်ကူညီပေးကြဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က တောင်းဆိုလိုက်ပါတယ်။

လက်ရှိ စစ်ကိုင်းမြို့အခြေအနေမှာ ငလျင်ကြောင့် တံတားတွေလမ်းတွေ ကျိုးကျပျက်စီးနေတာကြောင့် မန္တလေးဘက်မှ အကူအညီတွေ ဒေသတွင်းဝင်ရောက်ဖို့တောင် ခက်ခဲနေတယ်လို့ဆိုပါတယ်။

ဖြစ်ပေါ်နေတဲ့အခြေအနေတွေအပေါ် မြို့တွင်းရှိ ပရဟိတအသင်းတွေနဲ့မလုံလောက်တာကြောင့် ပြင်ပက အကူအညီပေးမှုတွေ များစွာလိုအပ်နေကြောင်းနဲ့ စစ်ကိုင်းတောင်ပေါ်ရှိ ဘုန်းကြီးစာသင် ကျောင်း၊ သီလရှင် ကျောင်းများတွင်လည်း ထိခိုက်သေကြေပျောက်ဆုံးမှုတွေရှိနေပြီး လူမှုကွန်ရက်တွင်မတွေ့မြင်တာကြောင့် လူအများမသိရဖြစ်နေခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြေငလျင်သတင်းများတွင် မန္တလေးမြို့ အခြေအနေများသာ အများဆုံတက်နေပြီး စစ်ကိုင်းမြို့သတင်းမှာ ပျောက်ကွယ်နေတာကြောင့် စစ်ကိုင်းမြို့ကို အမြန်ဆုံးလာရောက်ကူညီပေးကြဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်က တောင်းဆိုထားပါတယ်။

ဓာတ်ပုံ – social media

ဆက်စပ် သတင်းများ

Most read