Homeပြည်တွင်းသတင်းစစ်ကိုင်းမြို့ပေါ်က ၃၆ ဦးကို အသက်ရှင်ရက်ကယ်ထုတ်နိုင်ပြီး သေဆုံးသူ ၈၈ ဦးရှိ

စစ်ကိုင်းမြို့ပေါ်က ၃၆ ဦးကို အသက်ရှင်ရက်ကယ်ထုတ်နိုင်ပြီး သေဆုံးသူ ၈၈ ဦးရှိ

၃၀ မတ်၊ ၂၀၂၅

စစ်ကိုင်းမြို့ပေါ်ကနေရာတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ငလျင်စတင်ဖြစ်ပွားချိန်ကနေ မတ်လ ၃၀ ရက် နေ့လည်အထိ လူ ၃၆ ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၈၈ ဦးတို့ရဲ့ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးက သိရပါတယ်။

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်များ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က)(၁)စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင်၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင်၊ မိုးဇာရပ်ကွက်ရှိ ခရိုင်ပြန်ဆက်ရုံး၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ အင်ကြင်းပင်ကျောင်း၊ တကောင်းရပ်ကွက်ရှိ နေလဂျုံစက်၊ ဆေးရွက်ကြီးပွဲရုံ၊ မြို့သစ်ရပ်ကွက်ရှိ သီလရှင်ကျောင်း၊ သကျမိတာစာသင်တိုက်နှင့် သောတာပန်ရပ်ကွက်ရှိ ထွဋ်ခေါင်ကျောင်း၊ ရတနာသိင်္ခစာသင်တိုက်၊ ဇမ္ဗူဒီပကျောင်းတိုက်၊ တိုက်ဝါကြီးဘုန်းတော်ကြီးကျောင်းတိုက်တို့အတွင်း ပိတ်မိနေသူတွေကိုရှာဖွေကယ်ဆယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှတ်တမ်းတွေအရ စစ်ကိုင်းတိုင်းထဲက မှာ နေအိမ် ၁၆၄၈ အိမ်ထက်မနည်းထိခိုက်ပျက်စီးခဲ့ပြီး လူ ၅၆၉ ဦး သေဆုံးတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – MSDF

ဆက်စပ် သတင်းများ

Most read