စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာအနီး ခရီးတထောက်ယာဉ်ရပ်နားတဲ့ စားသောက်ဆိုင်ကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၆ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာ မနေ့က ဩဂုတ် ၁၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဒီတိုက်ခိုက်မှုဟာ တံတားဦးလေတပ် က တိုက်လေယာဉ် ၂ စီးနဲ့ မိတ္ထီလာလေတပ်တိုက်လေယာဉ် ၂ စီးတို့က အကြိမ်၂၀ ခန့် ပျံဝဲပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ခရီးသွားပြည်သူတွေနဲ့ ကုန်ကားသမားတွေ နားနေတဲ့ စားသောက်ဆိုင်ထဲမှာ ဗုံး ကြဲချသွားတာ။ ဆိုင်တည့်တည့်ကို ကျဲချသွားတာ။”လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်အပြီး သေဆုံးဒဏ်ရာရရှိသူတွေကို ရှာဖွေရာမှာ သေဆုံးခဲ့ရတဲ့အရပ်သားကပြည်သူ အလောင်း ၇ လောင်းကို ကနဦး တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဩဂုတ် ၁၂ ရက်မှာ တိုက်ခိုက်ခံရတဲ့နေရာကို ထပ်မံရှာဖွေရာကနေ သေဆုံးအလောင်း ၉ လောင်း ထပ်မံရှာ ဖွေတွေ့ရှိခဲ့တာကြောင်း စုစုပေါင်းသေဆုံးသူ ၁၆ ဦးရှိလာတယ်လို့ သိရပါတယ်။
ထိခိုက်သေဆုံးသူတွေထဲမှာ ခရီးသွားအရပ်သားပြည်သူ သက်သက်သာပါဝင် တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေမပါဝင်တာကြောင့် ဒီတိုက်ခိုက်မှုဟာ အရပ် သားပြည်သူတွေကို ပစ်မှတ်ထားတိုက် ခိုက်တယ်ဆိုတာ သိတာတယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။
ဓာတ်ပုံ-CJ


