၃ ဇွန်၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောမကျေးရွာမှာ ဒီကနေ့ ဇွန်လ ၃ ရက် နံနက် ၈နာရီခွဲဝန်းကျင်က ဒေသခံတွေ စုဝေးရောက်ရှိနေတဲ့ မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံးနှစ်လုံးကြဲချပြီး တိုက်ခိုက်ရာ သေဆုံးသူအများအပြားရှိနိုင်တယ်လို့ People’s Spring သတင်းဌာနက ဖော်ပြပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူအရေအတွက်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပြီး စစ်ကောင်စီဟာ မင်းကင်းမြို့နယ်ကို ဗုံးမကြဲခင် ဇွန်လ ၂ရက် ညက လေကြောင်းက ကင်းထောက်ခဲ့တယ်လို့လည်း သိရပါတယ်။