Homeပြည်တွင်းသတင်းစစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်သိမ်းပိုက်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်သိမ်းပိုက်

၁၈ ဩဂုတ်၊ ၂၀၂၄

ဩဂုတ်လ ၁၇ ရက် ညပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီပဲယင်းမြို့ကို ထိန်းချုပ်သိမ်းပိုက်လိုက်ပြီလို့ ဩဂုတ်လ ၁၈ ရက် မနက်ပိုင်းမှာ အတည်ပြုထုတ်ပြန်ပါတယ်။ ဒီပဲယင်းဟာ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ PDF တွေ ပထမဆုံးသိမ်းယူနိုင်တဲ့ မြို့ဖြစ်ပါတယ်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၆ ရက်ကစပြီး ဆင်နွှဲပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံခဲ့ပေမဲ့ ဩဂုတ်လ ၁၇ ရက် ညပိုင်းမှာတော့ တော်လှန်ရေးတပ်တွေက တစ်မြို့လုံးကို ထိန်းချုပ်လိုက်နိုင်တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ Y12 လေ

ယာဉ်တွေ သုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ပါတယ်။ Y12 နဲ့ ဗုံးအလုံး ၆၀ လောက်ကြဲပြီး ပေါင် ၅၀၀ ဗုံးတွေလည်း ကြဲခဲ့တယ်လို့ ရဲဘော်တွေက ဆိုပါတယ်။

ဩဂုတ်လ ၁၇ ရက်မှာ ပျူနဲ့ တပ်မိသားစုဝင်တွေ လက်နက်ချကြပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ကတော့ တိုက်ပွဲ နားချိန်မှာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။ ရေဦးဘက်က ဒီပဲယင်းမြို့ကို စစ်ကူလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စကစစစ်ကြောင်းကိုလည်း ရေဦး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီး ဖြတ်တောက်လိုက်နိုင်ပါတယ်။

ဒီပဲယင်းမြို့ တစ်မြို့လုံး ရရှိတဲ့အတွက် အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ မကြာခင် စတင်တော့မယ့်အကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသရဲ့ ကွပ်ကဲမှုအောက်မှာ ဒီပဲယင်း၊ ရေဦး၊ ဘုတလင်ပကဖတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read