Homeပြည်တွင်းသတင်းစစ်ကိုင်းတိုင်း ကနီမြို့နယ် ပညာရေးတာဝန်ခံနဲ့ မိသားစုလိုက် သတ်ဖြတ်ခံရမှုအပေါ် ဝမ်းနည်းကြောင်း NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကိုင်းတိုင်း ကနီမြို့နယ် ပညာရေးတာဝန်ခံနဲ့ မိသားစုလိုက် သတ်ဖြတ်ခံရမှုအပေါ် ဝမ်းနည်းကြောင်း NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

၆ နိုဝင်ဘာ၊ ၂၀၂၄

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်က NUG ကြားကာလ ပညာရေး တာဝန်ခံ ဦးဝင်းဌေးနဲ့ ဇနီးသည်ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ် သမီးငယ် မရွှေဝတ်ရည်လွှာတို့ကို နိုဝင်ဘာလ ၄ ရက် ညပိုင်းက တပုန်းကျေးရွာနေအိမ်မှာ ရက် စက်စွာ မတရား သတ်ဖြတ်ခံထားရတဲ့အပေါ် NUG ၊ ပညာရေး ဝန်ကြီးဌာနက ဝမ်းနည်းကြောင်း စာ ထုတ် ပြန်ခဲ့ပါတယ်။

ထုတ်ပြန်စာထဲမှာ အမှန်တရားဘက်က ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်နေသူ ဆရာနဲ့ သူ့မိသားစုကို အခုလို တရားလက်လွတ် ရက်ရက်စက်စက် မတရားသတ်ဖြတ်ခံရခြင်းအမှုနဲ့ပတ်သတ်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုခု ကဖြစ်စေ ကျူးလွန်ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး အသေးစိတ်မှတ်တမ်း တင်ကာ သေဆုံးခဲ့ ရသတွေအတွက် တရားမျှတမှု ရရှိနိုင်ဖို့ ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွား မယ့်အကြောင်း ရေးသားဖော်ပြထားပါတယ်။

ဦးဝင်းဌေးတို့မိသားစု သေဆုံးရမှုကို နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာ သိရပြီး ဖုန်းလိုင်းနဲ့ လမ်းပန်း ဆက်သွယ်ရေး အခြေအနေတွေကြောင့် သတင်းအချက်အလက်အပြည့်အစုံမရသေးကြောင်း နဲ့ ရွာကို သွားနေကြောင်း ယင်းမာ ပင်ခရိုင်ပညာရေးတာဝန်ခံက ပြောဆိုပါတယ်။

ပလဖတွေကတော့ အခင်းဖြစ်ရာကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဦးဝင်းဌေးမှာ အသင်အပြကောင်း သူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း ကနီမြို့နယ် ချောင်းမ (နောက်)ကျေးရွာက အသက် ၃၂ အရွယ် အမျိုးသမီးတစ်ဦးလည်း အကြမ်းဖက်သတ်ဖြတ်ခံရပြီး တရားခံကို ခုချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read