Homeပြည်တွင်းသတင်းစစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့် ၂ နှစ်ကျော်အတွင်း အရပ်သား ၄၀၀၀ ကျော်သေဆုံးခဲ့

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့် ၂ နှစ်ကျော်အတွင်း အရပ်သား ၄၀၀၀ ကျော်သေဆုံးခဲ့

၂၅ ဖေဖော်ဝါရီ၊ ၂၀၂၅

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ၂ နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု ၄၀၀၀ ကျော်ရှိခဲ့တယ်လို့ Data for Myanmar ရဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။

၂၀၂၂ ဇန်နဝါရီလကနေ ၂ဝ၂၄ နိုဝင်ဘာလကုန်အထိ Data for Myanmar က ကောက်ယူစုစည်းထားတဲ့ အချက်အလက်တွေအရ အကြမ်းဖက်မှု (Violence) တွေကြောင့် စစ်ကိုင်းတိုင်းထဲက အရပ်သား ၄၀၅၉ ဦး သေဆုံးပြီး ၃၁၅၀ ဦး ဒဏ်ရာရခဲ့ပြီး စုစုပေါင်း အရပ်သား ၇၃၀၉ ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းထဲက ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင် ကန့်ဘလူခရိုင်၊ ယင်းမာပင်ခရိုင်နဲ့ ကလေးခရိုင်တွေက အခြားခရိုင်တွေထက် အရပ်သား သေဆုံးမှု သိသိသာသာများပြီး စုစုပေါင်း ၃၅၁၃ ဦးရှိတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ယင်းဒေသတွေမှာ အကြမ်းဖက်မှုတွေကြောင့် အရပ်သားသေဆုံးသူ လစဉ် ပျမ်းမျှ ၁၁၈ ဦး နဲ့ အရပ်သား ဒဏ်ရာရသူ ပျမ်းမျှ ၉၀ ဦး ရှိနေတာဖြစ်ပြီး ၂ဝ၂၂ ခုနှစ်အတွင်းမှာ အရပ်သားသေဆုံးသူ လစဉ် ပျမ်းမျှ ၂၀၀ ဦး၊ ၂၀၂၃ ခုနှစ်အတွင်းမှာ လစဉ် ပျမ်းမျှ ၉ဝ ဦးနဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ လစဉ် ပျမ်းမျှ ၆၇ ဦး ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက အရပ်သားသေဆုံးသူ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေကြောင့်ဖြစ်ပြီး ၂၅ ရာခိုင်နှုန်းကတော့ အဝေးကနေ ပစ်ခတ်တိုက်ခိုက်တဲ့ ပေါက်ကွဲစေတဲ့ လက်နက်တွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မုံရွာ၊ စစ်ကိုင်း ရွှေဘို၊ ကန့်ဘလူ၊ မြင်းမှု၊ ခင်ဦး၊ ရေဦး၊ ဝက်လက်၊ ကလေးနဲ့ ချောင်းဦးမြို့နယ်တွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေက အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေ သိသိသာသာများလာသလိုစုစုပေါင်း ၃၅၁၃ ဦးရှိတယ်လို့ သိရပါတယ်။

ယင်းမှ ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၆ ခုမှာ အရပ်သားသေဆုံးမှုဖြစ်စေတဲ့ အကြမ်းဖက်ဖြစ်စဉ် ၂၇ ခု ဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးသူ ၃၄ ဦး၊ ဒဏ်ရာရသူ ၅၀ ဦးရှိခဲ့တာကြောင့် စုစုပေါင်း အရပ်သားထိခိုက်သေဆုံးသူ ၈၄ ဦးရှိခဲ့ပြီး လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၅ ဦး၊ လက်နက်ကိုင်အဖွဲ့အစည်း တွေက အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁၅ ဦးအပါအဝင် စုစုပေါင်း ၃၄ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read