Homeပြည်တွင်းသတင်းစစ်ကိုင်းငလျင် လှုပ်ခတ်တာ ၄ လကျော်ကြာပြီးနောက် Sky Villa အဆောက်အဦးမှာ ရုပ်အလောင်းထပ်တွေ့

စစ်ကိုင်းငလျင် လှုပ်ခတ်တာ ၄ လကျော်ကြာပြီးနောက် Sky Villa အဆောက်အဦးမှာ ရုပ်အလောင်းထပ်တွေ့

၁၃ ဩဂုတ် ၂၀၂၅

မန္တ‌လေးငလျင် လှုပ်ခတ်တာ ၄ လကျော်ကြာပြီးတဲ့နောက် Sky Villa အဆောက်အဦးမှာ ရုပ်အလောင်းတလောင်းကို ဒီနေ့ ဩဂုတ် ၁၃ ရက်မှာထပ်ပြီးတွေရှိခဲ့တယ်လို့ စစ်ကော်ရှင်လက်အောက်ခံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးအဖွဲ့က ဒီကနေ့မှာ အဲ့ဒီအဆောက်အအုံပျက်ကို ရှင်းလင်းရာကနေ A အဆောင် (၃)လွှာ၊ အခန်းအမှတ် E 3 ကနေတွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အလောင်းဟာ အမျိုးသားအလောင်းဖြစ်ပြီး၊ မြို့ခံလူမှုကူညီရေးအဖွဲ့ပိုင်ယာဉ်တစီးနဲ့ မန္တလေးဆးရုံကိုပို့ဆောင်ခဲ့တယ်လို့ မီးသတ်ဉီးစီးဌာနက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မွန်းလွဲပိုင်းကလှုပ်ခတ်ခဲ့တဲ့ ၇.၇ အဆင့်ရှိငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေများခဲ့ပေးမယ့် စစ်ကော်မရှင်ဟာ သူတို့နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေကိုသာ လက်ခံခဲ့ပြီး၊ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကိုတော့ပယ်ချခဲ့ပါတယ်။

ရှာဖွေကယ်ဆယ်ရာမှာလည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ဝင်ရောက်စွက်ဖက်တာတွေရှိတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ အ‌စောဆုံးပြန်လည်ထွက်ခွာသွားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ကြုံတွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ-MFSD

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး