မတ်လ ၂၈ ရက်နေ့ ငလျင်ကြီး လှုပ်ခတ်ပြီး ၃ လကြာအချိန်အထိ လူပေါင်း ၆.၃ သန်းဟာအရေးပေါ် အကူအညီနှင့် အကာအကွယ်များ လိုအပ်နေဆဲဖြစ်တယ်လို့ UNOPS ကပြောပါတယ်။
UNOPS အမှုဆောင် ဒါရိုက်တာJorge Moreira da Silva ဟာ၂၀၂၅ ခုနှစ် ဇွန်လ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး ရန်ကုန်မြို့နဲ့ ငလျင် ဒဏ်သင့်ဒေသတွေကို သွားရောက်ခဲ့ပါတယ်။
ငလျင်လှုပ်ပြီးနောက်မှာ UNOPS က အမေရိကန်ဒေါ်လာ ၂၅ သန်း ရန်ပုံငွေ စုဆောင်းနိုင်ခဲ့ပြီး လူပေါင်း ငါးသိန်းအထိ ကူညီနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အရေးပေါ် နေထိုင်စရာတွေ၊ သန့်ရှင်းတဲ့ ရေရရှိရေးစတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတယ်လို့လည်း UNOPS ကထုတ်ပြန်ပါတယ်။


