Homeပြည်တွင်းသတင်းစစ်ကိုင်းငလျင်ကြီးပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၅၅၂ ကြိမ်ပြုလုပ်ခဲ့

စစ်ကိုင်းငလျင်ကြီးပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၅၅၂ ကြိမ်ပြုလုပ်ခဲ့

ဇွန် ၊ ၂၀၂၅

စစ်ကိုင်းတိုင်းမှာ မတ်လကုန်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအပြီး စစ်တပ်က နိုင်ငံတဝှမ်းအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှု ၅၅၂ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄၇၁ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မတ် ၂၈ ရက်ကစတင်ပြီး ဇွန် ၆ ရက်အထိ ရန်ကုန်တိုင်းနဲ့ နေပြည်တော်တို့က လွဲပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုကာလအတွင်း ဒဏ်ရာရသူ ၉၃၁ ဦးလည်းရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ ၄၇၁ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၂ ဦး ပါဝင်ကာ၊ အသက်အရွယ်မသိနိုင်သူ ၂၅၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ ၉၃၁ ဦးထဲမှာလည်း အသက် ၁၈ နှစ်အောက် ၁၈၃ ဦး၊ အရွယ်မသိနိုင်သူ ၅၃၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်မှုတွေကတော့ စစ်ကိုင်းတိုင်းမှာ ၁၂၆ ကြိမ်တိုက်ခိုက်မှုရှိခဲ့ပြီး ၁၅၁ ဦး သေ၊ ၂၉၈ ဦး ဒဏ်ရာရ၊ မန္တလေးတိုင်းမှာ ၁၄၈ ကြိမ်ရှိခဲ့ပြီး၊ ၁၀၃ ဦး သေ၊ ၂၁၃ ဦး ဒဏ်ရာရ၊ ကချင်ပြည်နယ်မှာ ၂၀ ကြိမ်ရှိခဲ့ပြီး ၊ ၅၉ ဦး သေ၊ ၉၅ ဦး ဒဏ်ရာရ၊ မကွေးတိုင်းမှာ ၆၉ ကြိမ်ရှိခဲ့ပြီး၊ ၃၉ ဦး သေ၊ ၆၀ ဦး ဒဏ်ရာရ၊ ချင်းပြည်နယ်မှာ ၂၀ ကြိမ်ရှိခဲ့ပြီး၊ ၁၆ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မှာ ၂၆ ကြိမ်ရှိခဲ့ပြီး၊ ၈ ဦး သေ၊ ၁၇ ဦး ဒဏ်ရာရ၊ ရခိုင်ပြည်နယ်မှာ၂၅ ကြိမ်ရှိခဲ့ပြီး ၊ ၂၅ ဦး သေ၊ ၇၃ ဦး ဒဏ်ရာရ၊ ကရင်နီပြည်နယ်မှာ ၆ ကြိမ်ရှိခဲ့ပြီး၊ ၁၁ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ၊ ပဲခူးတိုင်းမှာ ၃၆ ကြိမ်ရှိခဲ့ပြီး ၊ ၃၀ ဦး သေ၊ ၅၅ ဦး ဒဏ်ရာရ၊ ကရင်ပြည်နယ်မှာ ၃၆ ကြိမ်ရှိခဲ့ပြီး ၊ ၁၇ ဦး သေ၊ ၆၀ ဦး ဒဏ်ရာရ၊ ဧရာဝတီတိုင်းမှာ ၁၄ ကြိမ်ရှိခဲ့ပြီး၊ ၃ ဦး သေ၊ ၁ ဦး ဒဏ်ရာရ၊ တနင်္သာရီတိုင်းမှာ ၁၄ ကြိမ်ရှိခဲ့ပြီး ၊ ၇ ဦး သေ၊ ၈ ဦး ဒဏ်ရာရကာ မွန်ပြည်နယ်မှာ ၁၂ ကြိမ်ရှိခဲ့ပြီး ၊ ၂ ဦး သေ၊ ၄ ဦး ဒဏ်ရာခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ခံဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာလည်း စစ်တပ်က မြေပြင်စစ်ဆင်ရေး၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပုံစာ – မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းတကျောင်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်က ဗုံးကျဲတိုက်ခိုက်ထားပုံ

ဓါတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read