၄ မတ် ၂၀၂၆၊ New Day Myanmar
ထိုင်းဝန်ကြီးချုပ် အနုတင်က စက်သုံးဆီဈေးကို တစ်လီတာ ၂၉.၉၄ ဘတ်နဲ့ ၁၅ ရက်ကြာ ရောင်းချဖို့ အမိန့်ပေးလိုက်ပြီး စွမ်းအင်ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကောင်အထည်ဖော်ဖို့ ညွှန်ကြားလိုက်ပါတယ်။
အဲဒီညွှန်ကြားချက် ထွက်လာပြီးနောက် PTT Public Company Limited က မတ်လ ၄ ရက်နေ့ကစပြီး နိုင်ငံတစ်ဝန်းရှိ သူတို့ရဲ့ ဆီဆိုင်တွေမှာ ဒီဇယ်နဲ့ ဂက်စ်ဆိုဟော ဆီဈေးတွေကို ၁၅ ရက်ကြာ ထိန်းချုပ်ထားဖို့ သဘောတူခဲ့ပါတယ်။
အဲဒီကာလအတွင်း ယာဉ်မောင်းတွေကို ဂါလန်ပုံးတွေ ဒါမှမဟုတ် အလွယ်တကူ သယ်ဆောင်လို့ရတဲ့ ဘူးတွေထဲ ဆီမထည့်ဖို့ မေတ္တာရပ်ခံထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီရောင်းလိုအား အခက်အခဲတွေကြားမှာ ပြည်သူလူထုရဲ့ စွမ်းအင်ကုန်ကျစရိတ်တွေ လျှော့ချနိုင်ဖို့နဲ့ ဆီလုံလောက်အောင် ဖြန့်ဖြူးနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကားတွေ၊ ကုန်တင်ကားတွေနဲ့ စီးပွားရေးလုပ်ငန်းသုံး ယာဉ်တွေကိုတော့ ပုံမှန်အတိုင်း ဆီရောင်းချပေးသွားမှာဖြစ်ပြီး ဆီဆိုင်တွေမှာရှိတဲ့ ပရိုမိုးရှင်းတွေကိုလည်း ဆက်လက်ရယူနိုင်မှာဖြစ်ပါတယ်။
PTT ကုမ္ပဏီဘက်ကတော့ ဒီလို ရေတို ဈေးနှုန်းထိန်းချုပ်မှုဟာ အစိုးရရဲ့ ဆီဈေးတည်ငြိမ်ရေး ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးတာဖြစ်တယ်လို့ ပြောထားပါတယ်။


