Homeပြည်တွင်းသတင်းစက်တင်ဘာလအတွင်း တောင်ပိုင်းစစ်ဒေသနယ်မြေမှာ တိုက်ပွဲ ၆၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း NUG ထုတ်ပြန်

စက်တင်ဘာလအတွင်း တောင်ပိုင်းစစ်ဒေသနယ်မြေမှာ တိုက်ပွဲ ၆၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း NUG ထုတ်ပြန်

၁၆ အောက်တိုဘာ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စခန်းသိမ်းတိုက်ပွဲ ၃ ကြိမ်အပါအဝင် ထိတွေ့တိုက်ပွဲပေါင်း (၆၆)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

စကစသတင်းပေးဒေါက်တိုင်တွေကို ရှင်းလင်းတိုက်ခိုက်မှု (၄)ကြိမ်၊ ရန်သူ့စခန်းနဲ့စစ်ကြောင်းတွေကို ဒရုန်းဖြင့်တိုက်ခိုက်မှု (၂၄)ကြိမ် နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှု၊ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကိုလည်း ဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား (၁၄၇)ဦး သေဆုံးပြီး (၉၆)ဦး ဒဏ်ရာရကာ သုံ့ပန်းအဖြစ် ဖမ်းမိခဲ့သူ (၈) ဦးကိုလည်း စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

ရန်သူဘက်က ရိက္ခာကားတစီး၊ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းအမြောက်အများ၊ ဆန်အိတ် (၄၀၀)ကျော်၊ RPG-7 ကျည် အလုံး ၁၀၀၊ ၆၀မမ ကျည် ၅၂လုံး၊ လက်ပစ်ဗုံးတွေနဲ့ ဆွဲမိုင်းတွေကို ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်တွေဘက်က ရဲဘော် (၁၇) ဦး ကျဆုံးပြီး ၄၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တောင်ပိုင်းစစ်ဒေသမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊ LDF များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များ၊ KNU(KNLA,KNDO)နဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ NUG က ဆိုပါတယ်။

မြေပြင်မှာ အမှန်တကယ် သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့အရေအတွက်ဟာ အခုဖော်ပြတဲ့စာရင်းထက် များပြားနိုင်တယ်လို့ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read