Homeပြည်တွင်းသတင်းစက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်

စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်

၄ စက်တင်ဘာ၊၂၀၂၄

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ၊ဖာပွန်(မူတြော်)ခရိုင် တပ်မဟာ(၅) နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလ တစ်လတာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် သေဆုံးသူ ၇၄ ဦးရှိခဲ့တယ်လို့ KNU တပ်မဟာ(၅) ရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

စက်တင်ဘာ ၁ရက်မှ ၃၀ရက်အထိ ဖာပွန်ခရိုင် အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅) ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၁၄၄ ကြိမ်အထိဖြစ်ပွားခဲ့တယ်လို့လည်း ဆို ပါတယ်။

တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွင်း တပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူး နှစ်ဦး နဲ့ ဒုတပ်ခွဲမှူးတစ်ဦး ပါဝင်တယ်လို့ သိရပြီး တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦးဒဏ်ရာရခဲ့ တယ်လို့လည်း KNUက ဆိုပါတယ်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းသိမ်းပိုက်ရရှိမှု ရှိ၊မရှိ နဲ့ KNLA ပူးပေါင်းတပ်မှ ကျဆုံးထိခိုက် ရှိမရှိ အခြေအနေ တွေကိုတော့ ဖော်ပြထားတာမရှိပါဘူး။

KNLA တပ်မဟာ(၅)ပူးပေါင်းတပ်ဖွဲ့တွေအနနဲ့ ဖာပွန်မြို့ နယ်တစ်ခုလုံးအပြီးသတ် သိမ်းပိုက်နိုင်ရေး အတွက် စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်မှု၊ ပြောက်ကျားတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိပြီး လက်ရှိမှာလည်း မြို့ကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

Photo – Al Jazeera

ဆက်စပ် သတင်းများ

Most read